Chapter 23(Unicode+Zawgyi)

164 11 0
                                    

'ဟိတ်...ထစမ်း....'

'ထစမ်းလို့ပြောနေတာကိုပေကပ်ကပ်နဲ့..အဟက်...ကောင်းပြီလေ....ငါ့အကြောင်းကောင်းကောင်းကြီးသိအောင်ပြရသေးတာပေါ့.....'

ကျောဘက်ကိုကျရောက်လာတဲ့ခြေထောက်ကန်ချက်တစ်ခုကြောင့် ကြမ်းပေါမှာခွေခွေလေးလဲနေတဲ့ခသတိပြန်ဝင်လာခဲ့သည်.....

ပထမဦးဆုံးအကြိမ် မျက်လုံးဖွင့်ကြည့်မိတော့အရာရာဟာမသဲမကွဲနဲ့..

ဒုတိယအကြိမ်အားယူကာဖွင့်ကြည့်တော့မှ သေချာမြင်ရတော့သည်.....

အာ...မေ့နေတာ....ငါအခုရောက်နေတဲ့နေရာက အင်းစိန်ထောင်ထဲမှာဘဲ....အဲ့နေရာကြီးကနေငါမှလွတ်မြောက်ခွင့်မှမရသေးတာ...

ဟင်း....မောင်....မောင့်ကိုသတိရလိုက်တာဗျာ...

ထောင်ထဲကိုရောက်တဲ့နေ့ကနေစလို့ခအေးအေးဆေးဆေးနေရတယ်ကိုမရှိ....

တော်ပါတယ်..ခင်ဗျားသိပ်ကိုတော်လွန်းပါတယ်ကိုဇေယျ...ခင်ဗျားပြောတဲ့အတိုင်း ကျွန်တော့်အတွက်ခင်ဗျားကလက်ဆောင်ပြင်ပေးထားတာဘဲ....

မဒိမ်းမှု...လူသတ်မှုနဲ့ဆေးမှုတွေနဲ့ထောင်ကျနေတဲ့ထောင်ထဲမှာအဆိုးရွားဆုံးသူနဲ့တူတူအကျဥ◌်းချခံရဖို့ခင်ဗျားစီစဥ◌်    ပေးခဲ့တယ်...

ကြည့်ရတာခင်ဗျားကကျွန်တော့်ကိုထောင်ထဲကနေအသက်ရှင်လျှက်ပြန်ထွက်မလာစေချင်ဘူးထင်ပါ့...

ခင်ဗျားစီမံပေးထားတဲ့ကျွန်တော့်အခန်းဖော်က နေ့တိုင်းကျွန်တော့်ကိုနှိပ်စက်ပေးတယ်သိလား....

ဥပမာ....ကျွန်တော့်အတွက်ထမင်းလာပို့တဲ့အချိန် ထောင်မှူးအလစ်မှာထမင်းပန်းကန်ကိုမှောက်ပစ်တာမျိုး....တခါတခါ ထမင်းပန်းကန်ထဲသူ့ခြေထောက်ဆေးထားတဲ့ခြေဆေးရေတွေထည့်လိုက်တာမျိုး...အမျိုးမျိုးပေါ့....

ခင်ဗျားသိတဲ့အတိုင်းဘဲထောင်ထဲမှာက ထမင်းကိုလိုသလိုတောင်းလို့မှမရတာ..သူတို့လာပေးတဲ့အချိန်စားရတယ်....မစားချင်ရင်အငတ်ခံရတယ်လေ....

ကျွန်တော်ထမင်းစားချင်တယ်...မောင့်အတွက်တစစ်ရက်ဆိုတစ်ရက်အသက်ဆက်ရှင်ချင်တယ်....

Slaves of Love (အချစ်ရဲ့ကျေးကျွန်များ)Where stories live. Discover now