Chapter 14(Unicode+Zawgyi)

162 10 0
                                    

အချစ်ဆိုတာက တကယ်တော့လူတိုင်းထင်သလိုရိုးရှင်းမနေဘူး...

လူတစ်ယောက်ကိုလွယ်လွယ်နဲ့ချစ်ဖို့မလွယ်သလို လွယ်လွယ်နဲ့မုန်းမေ့ပစ်ဖို့ဆိုတာကလည်းသိပ်ခက်ခဲတယ်....

ခအတွက်တော့ အချစ်ဆိုတာကြီးကိုဘယ်လိုထင်လဲလို့ခင်ဗျားတို့ကမေးလာရင်...ဟင်း...အရင်တုန်းကတော့ မောင့်ကိုချစ်နေရတာက ချိုမြိန်လွန်းလှတဲ့ပန်းသီးလေးကိုတကိုက်ချင်းစီကိုက် အရသာခံပြီးစားနေရသလိုပေါ့....ဒါဆိုအခုကြတော့ရောဆိုရင်တော့.............

------------------------

မောင်နဲ့ခ ကိုသုတနဲ့ပတ်သက်ပြီးကတောက်ကဆဖြစ်တဲ့နေ့ကစလို့ မောင်ကခအပေါ အရင်ကလိုနွေးနွေးထွေးထွေးဆက်ဆံလာတယ်....

ခမကြိုက်တာဆိုအတင်းကာရောဇွတ်မလုပ်သလို ခကိုလည်းလေးလေးစားစားဆက်ဆံလာပြန်တယ်..

ပြောရမယ်ဆိုရင်...အစစအရာရာက အနည်းငယ်တော့အဆင်ပြေလာတာပေါ့လေ....

ဒါကြောင့်ရှေးလူကြီးတွေကပြောကြတာထင်တယ်..အိမ်ထောင်ရေးဆိုတာက ချိုတလှည့်ခါးတလှည့်ပါတဲ့...

အခုမှဘဲခအဲ့စကားကိုပစ်ယုံမိတော့သည်.....

ရက်အနည်းငယ်အကြာ...တစ်ခုသောညခင်းဝယ်...

'မောင်....ပြန်လာပြီလား...လာဦးဒီနားလေး...'

ရိုက်ကူးရေးကပြန်လာတဲ့မောင့်ကို အိမ်ထဲဝင်ဝင်ချင်းမှာဘဲ ခထိုင်နေတဲ့sofaခုံဘေးအသာလက်နဲ့ပုတ်ပြရင်း ခစီလာဖို့ခေါခဲ့မိသည်....

မောင်ကလည်းလက်ထဲမှာကိုင်လာတဲ့ပစ္စည်းလေးနှစ်ထုပ်ကိုခုံတစ်ခုပေါပစ်တင်ရင်း ခနဘေးကိုရောက်လာပါတော့သည်...

'ခလေး.....'

'မောင်..အရမ်းပင်ပန်းလာလာဟင်....'

'အွန်း....'

ခလည်ပင်းတွေကြားမောင်ကသူ့ခေါင်းလေးထိုးကာကလေးတွေလိုချွဲပါတော့သည်...

'မောင်ရေ...မောင့်ဆံပင်တွေကယားတယ်ဗျ..ဟိ..အဲ့လိုမလုပ်နဲ့လေ...'

'ဟွန်း...ခကလည်း...'

နှုတ်ခမ်းလေးဆူကာပြောနေပါသည့်မောင့်ပုံစံလေးက တမျိုးလေးချစ်စရာကောင်းနေသည်မို့ ခပြုံးမိပါသည်....

Slaves of Love (အချစ်ရဲ့ကျေးကျွန်များ)Where stories live. Discover now