Chapter21(Unicode+Zawgyi)

155 11 0
                                    

Orange ဆိုတဲ့လိမ္မော်ရောင်လေးရဲ့အဓိပ္ပာယ်ကတော့ endurance တဲ့...အရာရာကိုသည်းခံတတ်ခြင်းဆိုတဲ့ဆိုလိုရင်းလေ....

မောင်....ခလည်းမောင့်အပေါကိုအခုချိန်ထိအစွမ်းကုန်သည်းခံပေးခဲ့ပါတယ်..မောင့်ကိုနားလည်ပေးနိုင်အောင်လည်းကြိုးစားခဲ့ပါတယ်...

ဒါကိုတော့မောင်အသိဆုံးဖြစ်မှာပါ....

ရှေးလူကြီးတွေပြောတာကြားဖူးတယ်..ဘယ်လောက်ဘဲလူတစ်ယောက်ကသည်းခံနိုင်ပါတယ်လို့ပြောပါစေဦးတဲ့..တနေ့ကြရင်တော့အဲ့လူသည်းခံနိုင်စွမ်တွေကုန်သွားတဲ့နေ့ဆိုတာတော့ရှိလာဦးမှာပါတဲ့....

မောင်...ခမောင့်အပေါသည်းခံနိုင်စွမ်းတွေကုန်သွားခဲ့ရင်ရော....မောင်နဲ့ခတို့ဘာတွေဆက်ဖြစ်ကြဦးမှာလဲနော်...

ခတွေးရင်းနဲ့ကိုရင်လေးနေမိတယ်မောင်ရယ်....

မောင်ရေ.....

မောင်ကလေ ကမ်းခြေကိုလာလာရိုက်ခတ်တဲ့ရေလှိုင်းလေးလိုဘဲ..သိလားမောင်....ဘာလို့ဆိုရေလှိုင်းလေးက ကမ်းခြေစီကိုခဏတာအလည်ရောက်လာပြီးမကြာခင်မှာကမ်းနဲ့အဝေးကိုပြေးထွက်သွားလို့ဘဲ...

အဲ့လိုဘဲမောင်..မောင်ကတခါတလေများဆိုခအနားကိုလေလိုအလျင်နဲ့ရောက်လာပြီးခမောင့်ကိုသတိရပြီးမောင့်စီကိုပြေးလာပြန်တော့မောင်ကလှိုင်းလိုအဝေးကို..အင်းတနည်းဆိုရရင် ခဘဝရဲ့ထောင့်တနေရာကနေခေတ္တခဏပြန်ထွက်သွားလေပြီ..ခသိလိုက်ရချိန်မှာတော့မောင်ကခအနားမှာမရှိတော့ဘူး....

မောင်...မောင်ကခအတွက်နားလည်ရခက်တဲ့ပုစ္ဆာတစ်ပုဒ်ပါ....

--------------------------------------------------------------

'ဆရာ...ကျွန်တော်တကယ်အဆင်ပြေပါတယ်...ကျေးဇူးပြုပြီး.....'

'ဟင်း....ခက်ခွန်းခ..မင်းနဲ့တော့ခက်ပြီ...ဆရာခွင့်မပြုပေးချင်လို့မဟုတ်ပါဘူး...မင်းအတွက်အန္တရာယ်များလွန်းလို့ပါ...ပြီးတော့မင်းမှာကအစာအိမ်ရောဂါအခံကလည်းရှိသေးတယ်မလား...တခြားဘာရောဂါအခံမှာမရှိတဲ့သူတွေတောင်သိပ်မလွယ်တဲ့ကိစ္စကိုမင်းလိုလူကဘာလို့လုပ်ချင်ရတာလဲ....???'

Slaves of Love (အချစ်ရဲ့ကျေးကျွန်များ)Where stories live. Discover now