Chapter 20(Unicode+Zawgyi)

201 10 0
                                    

Whiteလို့ခေါကြတဲ့အဖြူရောင်အကြောင်းလေး...

သူ့ဆိုလိုရင်းလေးကဖြူစင်မှု..ရိုးသားမှု...ကြင်နာမှုနဲ့ အမှန်တရားဆိုတဲ့အရာတွေကိုကိုယ်စားပြုတယ်တဲ့..

မောင်....ငါ့အချစ်ကလည်းမောင့်အပေါအဲ့လိုဘဲသိလား....

ငါကိုယ့်ဘာသာအမွှန်းတင်တာမဟုတ်ဘူးနော်...

ခလေမောင့်အပေါကိုဖြူဖြူစင်စင်နဲ့ရိုးရိုးသားသားလေးချစ်ခဲ့တာပါမောင်...

ခမောင့်ကိုချစ်ခဲ့တယ်ဆိုတာကဂုဏ်တွေ..စည်းစိမ်းတွေဘာတွေမက်လို့မဟုတ်ခဲ့ဘူးမောင်

ခမောင့်အပေါကိုဖြူစင်သန့်ရှင်းတဲ့အချစ်စစ်နဲ့ချစ်ခဲ့တာပါ...မောင့်အပေါကိုခအမြဲကြင်နာခဲ့ပါတယ်မောင်...မောင့်ကိုအမြဲတမ်းလည်းအလျှော့ပေးခဲ့ပါတယ်..အရာရာအတွက်ပေါ့..

တခါတခါများဆိုခတွေးမိတယ်သိလား...အော်...ခမောင့်အပေါအမြဲတမ်းအရှုံးပေးနေတော့ မောင်ကခအပေါဆိုးတာလားလို့ပေါ့...

အနိုင်တွေချည်းထပ်ခါထပ်ခါရလာတဲ့လူက တနေ့အရှုံးဆိုတဲ့အရာကိုရင်ဆိုင်ရတဲ့အခါမရင်ဆိုင်နိုင်တော့သလို့အရှုံးကိုလက်မခံနိုင်ကြဘူးတဲ့မောင်....

ကြည့်ရတာမောင်လဲအဲ့လိုဘဲထင်တယ်..ခဖျက်စီးခဲ့လို့မောင်အခုလိုဖြစ်ရတာဘဲဖြစ်မယ်..

ဒီလိုတွေမောင့်ကိုအလိုလိုက် အလျှော့တွေပေးခဲ့တာကလည်း မောင့်ကိုချစ်လို့ပါမောင်...မောင့်ကိုသိပ်ချစ်လွန်းလို့ခလေမောင့်အပေါအနိုင်မယူဘဲအရှုံးပေးခဲ့တာပါ...

ဒါတွေမောင့်ကိုနားလည်စေချင်မိတယ်သိလား..

ခမောင့်အပေါထားတဲ့အဖြူရောင်ချစ်ခြင်းတရားလေးသာစစ်မှန်ခဲ့ရင်ခနဲ့မောင်..အင်း...အရင်လိုလေး..ပျော်ပျော်ရွှင်ရွှင်လေးနေနိုင်ခွင့်လေးတော့လိုချင်မိပါရဲ့...

------------------------------------------------------

မောင်ခအပေါကိုဆိုးလာတဲ့အခါတိုင်း...အပြင်မှာပြဿနာတက်လာလို့ခကိုမာန်မဲတဲ့အခါတိုင်း မောင်ပြောသမျှသာခေါင်းငုံ့ခံခဲ့တယ်..မောင့်ကိုတစ်ခွန်းမှပြန်မပြောခဲ့ပါဘူး...

Slaves of Love (အချစ်ရဲ့ကျေးကျွန်များ)Where stories live. Discover now