ညကမောင့်ရဲ့ရမ္မက်တွေဝေနေတဲ့တပ်မက်မှုတွေကြောင့် ခသတိလစ်သွားခဲ့ရသည်အထိပင်.......
နောက်တော့ဘာတွေဆက်ဖြစ်ခဲ့လဲဆိုတာခမသိတော့....မသိတာထက်သတိမရှိတော့ဘူးလို့ပြောရင်ပိုမှန်မယ်ထင်တယ်ဗျ....
ခသတိရလာတော့ အခန်းထဲက လိုက်ကာကနေတဆင့်ဖြာကျနေတဲ့နေအလင်းရောင်စူးစူးကြောင့်မိုးလင်းသွားပြီဆိုတာသိလိုက်ရသည်...
ဟာ....နေတောင်ထွက်နေပြီလား..???
ဟူး...မောင့်အတွက်မနက်စာပြင်ပေးရဦးမှာကို.....ဒီနေ့တော့နောက်ကျပြီ...မောင်တောင်ထနေပြီလားမသိ....ဟင်း...
အိပ်ယာပေါမှကုန်းရုံးကာထဖို့ကြိုးစားတော့ ခရဲ့ခါးနားကလက်တဖက်ကတင်းကြပ်စွာရစ်သွယ်လာပြန်တယ်...
'အယ်...မောင်....'
မောင်ကအခုချိန်ထိအိပ်နေတုန်းလား.....???
စောနကအလန့်တကြားနဲ့ အော်မိသလိုဖြစ်တော့ မောင်က ဟင်းကနဲညည်းသံပေးကာခခါးကို မောင့်လက်နှစ်ဖက်နဲ့ အတင်းဆွဲဖက်ပြီး...
'ဆက်အိပ်ဦး.....မောင်လည်းအိပ်ရေးမဝသေးဘူး...ခလည်းညကပင်ပန်းထားတာမလား...အိပ်...??'ဟုဆိုကာ ခကိုယ်လေးကိုအတင်းမွေ့ရာပေါဆွဲချပြန်တာကြောင့် မောင့်ရဲ့ လက်တွေကြား ခ ရုန်းကန်မိသည်..
'မောင်အိပ်ရေးမဝသေးရင်လည်းဆက်အိပ်ပါ...ခ ထတော့မယ်..မောင့်အတွက် Breakfastလုပ်ပေးမလို့...မောင်ထရင်အဆင်သင့်စားလို့ရအောင်လို့လေ...'
'အားတွေကျန်သေးတယ်လား....??'
'ဗျာ.....??'
'ဘာဗျာလဲ...ဟင်း...ညက ခသတိလစ်သွားလို့မောင်ကအလျှော့ပေးပြီးလွှတ်ပေးလိုက်တာကို...ဘာလဲ..အဲ့တာတွေကအခုမောင့်ကိုပြန်ခံပြောဖို့အားတွေရှိသွားတာလား...???အဲ့လိုဆိုခကိုအခုအားတွေလျော့သွားအောင်မောင်ထပ်လုပ်ပေးရမလားပြော??...'
'ဟို....မောင်ကလဲ...??ဟွန်း...ဘာတွေပြောနေလဲမသိဘူး....'
'ရှက်တယ်ပေါ့ခက..'
'မရှက်လို့...ဟွန့်....စောစောစီးစီးမောင်က ဘာတွေပြောနေမှန်းမှမသိတာ...'
YOU ARE READING
Slaves of Love (အချစ်ရဲ့ကျေးကျွန်များ)
Romanceအချစ်ဆိုတဲ့ဝေါဟာရအနောက်မှာအတ်တတွေ အမုန်းတွေ သဝန်တိုမှုနဲ့ ရန်ငြိုးဖွဲ့ကလဲ့စားချေမှုတွေဆိုတာဟာ အလိုလိုကပ်ပါလာတတ်တယ်လေ... တို့နေထိုင်တဲ့လောကကြီးမှာတော့ လူသားဆိုတဲ့ ကြိုးဆွဲရုပ်လေးတွေဟာ ကံကြမ္မာဆိုတဲ့အရှင်သခင်ရဲ့ လက်အောက်မှာ သူလိုရာ စေစားရာနောက်လို...