Chapter38(Unicode+Zawgyi)

177 10 2
                                    

'ခ....ခရေ....အသဲလေး...'

'ဟွန်း....'

'ခ...ခလေးရေ.....'

'အင်း...ဟွန်း...ဘာလဲကွာ...??'

'ထတော့လေကွာ..အသဲလေးရဲ့..နေမြင့်နေပြီကွ...ဆက်အိပ်ရင်အသဲလေးခေါင်းကိုက်လိမ့်မယ်...'

'ဘယ်နှစ်နာရီလဲ...??'

မျက်လုံးကတော့မပွင့်သေးဘဲ အိပ်နေရင်းကနေဘယ်နှစ်နာရီလဲဆူပုတ်ပုတ်နဲ့မေးနေပြန်တဲ့ကျွန်တော့်ချစ်ခင်ပွန်းလေး...

'ကိုးနာရီဗျာ....'

'အဲ့တာစောသေးတယ်....'

'ဟောဗျာ...'

စောသေးတယ်ပြောပြီးစောင်လေးခေါင်းမြှီးခြုံကာအိပ်နေပြန်တဲ့အသဲညှာလေး...

တကယ်ဆိုမနှိုးချင်ပါဘူး...အရမ်းအိပ်နေရင်မကောင်းဘူးလေး..ခေါင်းကိုက်တာတွေဘာတွေဖြစ်မှာစိုးလို့အတင်းနှိုးနေရတာ...

ခြုံထားတဲ့စောင်လေးကိုအတင်းဆွဲဖယ်တော့ အိပ်နေရင်းကနေပြန်ဆွဲပြန်တယ်...

ကိုယ်ကလည်းအားနဲ့ဆွဲပြန်တော့ စောင်အောက်ကမျက်နှာလေးပေါလာပေမယ့်စောင်ကိုတော့ ကိုယ်ပေါကမဖယ်သေး..လက်ကနေအတင်းဆွဲစုပ်ထားကာချမ်းတယ်ကွာလို့အာဗြဲနဲ့ထအော်ပြန်တဲ့ကိုယ်ဝန်သည်လေး..

'ကဲ..မထဘူးလားချစ်လေး...'

'အိပ်ဦးမှာ...ဟွန့်....'

နောက်ဆုံးအခန်းထဲမှာချထားတဲ့လိုက်ကာစလေးကိုဆွဲဖယ်တော့ဝင်ရောက်လာတဲ့နေစူးစူးကြောင့် ထအော်ပြန်တဲ့လိပ်ကလေး...

'မောင့်..အား..ပိတ်ပေးဆိုကွာ..အဲ့တာကြီးကစူးလွန်းတယ်.....ဟင့်....'

ကိုယ့်အရှေ့မှာတဟင့်ဟင့်ငိုကာတမောင်မောင်နဲ့ချွဲပြနေတော့လည်းဒီကောင့်အသည်းနှလုံးကခံနိုင်ပါ့မလားဗျာ...

'ဟုတ်ကဲ့..'ဟုဆိုကာချက်ချင်းဘဲလိုက်ကာဆွဲပိတ်ပေးရတော့တာပေါ့....

အဲ့အခါကျတော့ 'လိမ်မာလိုက်တဲ့မောင်...'ဆိုပြီးကျွန်တော့်ပါးကိုအနမ်းတစ်ချက်ပေးပြီးစောင်ခြုံပြီးပြန်အိပ်နေတဲ့ကလေးအဖေလေး....

Slaves of Love (အချစ်ရဲ့ကျေးကျွန်များ)Där berättelser lever. Upptäck nu