Chapter24(Unicode+Zawgyi)

175 9 0
                                    

'ခက်ခွန်းခ....ခက်ခွန်းခ...ငါခေါနေတာကြားလား....??'

'.........'

'ခက်ခွန်းခ......ဟိတ်.....ခက်ခွန်းခ......'

ကြမ်းပေါမှာသွေးတွေထဲလဲကျနေတဲ့ညီ့ကိုဘယ်လိုခေါကြည့်ကြည့်နိုးမလား.....

'တောက်......ကျော်ကြီး......မင်းကွာ....မင်းကိုသူကဘာတွေလုပ်လို့မင်းအခုလိုကြီးအထိလုပ်ရတာလဲ...ဟမ်....ပြောစမ်းကွာ....'

'ခွပ်..ခွပ်.....အင့်ဟာ....ခွပ်.....'

ကျော်ကြီးဆိုသူဟာကျွန်တော့်ထိုးကြိတ်မှုများကိုမျက်စိမှိတ်အံကြိတ်၍သာခံနေရသည်....

ဘာလို့ဆိုသူမှလှုပ်လို့မရဘဲ....သူ့ကိုလက်ထိပ်ခတ်ထားတဲ့အပြင် ထောင်စောင့်လေးယောက်ကလည်းဝိုင်းဖိထားတာလေ....

'ထောင်မှူး...ဒီလိုသာဆက်ထိုးနေရင်သူသေလိမ့်မယ်...'

'သေသင့်တယ်...ငါသတ်ပစ်ချင်နေတာ....တောက်....'

'ဒါပေမဲ့....ဟို...'

'ခေါသွားတော့.....'

'ဗျာ....'

'အဲ့ကောင်ရဲ့အခွက်ကိုထပ်မြင်နေရရင်သတ်မိမှာစိုးလို့ ငါ့ရှေ့ကခေါသွားလို့...!!!!တောက်...ပြီးရင်တိုက်ပိတ်လိုက်.....အေး...တိုက်ပိတ်လိုက်ရုံနဲ့တင်ပြီးသွားမှာမဟုတ်ဘူး...မင်းလုပ်ရပ်ကိုအထက်ကိုတင်ပြပြီးဒီ့ထက်ဆိုးရွားတဲ့အပြစ်ကိုခံရဖို့ပြင်ထား...မင်းတို့ကရောဘာကြည့်နေတာလဲ...ခေါသွားတော့...!!!'

'ဟုတ်....'   'ဟုတ်ကဲ့ပါ..........'

ကျော်ကြီးကိုခေါသွားပြီးမကြာပါ ထောင်ထဲကိုရောက်လာကြတဲ့ဆေးရုံကားတွေ.....

'ညီ....မင်းအဆင်ပြေတော့မှာတော့မှာနော်....ခဏလေးတောင့်ခံထား...ဟုတ်လား...'

ကျွန်တော်ပြောတာကိုညီကြားတယ်ထင်ပါ့...မျက်လုံးတွေဖွင့်မလာပေမဲ့ကျွန်တော်ဆုပ်ကိုင်ထားတဲ့သူ့လက်ကလေးတွေအနည်းငယ်လှုပ်လာလေသည်.....

'ဒဏ်ရာရတဲ့လူနာကဘယ်မှာလဲ....??'

အဝေးကနေပြောသံကြားရတာကြောင့်ကျွန်တော်ခပ်မြန်မြန်ဘဲအသံပြန်ပေးမိသည်....

Slaves of Love (အချစ်ရဲ့ကျေးကျွန်များ)Where stories live. Discover now