Chapter 27(Unicode+Zawgyi)

157 10 0
                                    

'အ့...ဟင့်..နာလိုက်တာ.....'

ရေဆာလာလို့အခန်းထဲကထွက်ပြီးအောက်ထပ်ရေဆင်းယူဖို့ခုံမှာထိုင်နေရင်းကနေ ရုတ်တရက်အထ ဝမ်းဗိုက်ထဲကစူးပြီးအောင့်လာတာကြောင့်ခုံလက်တန်းကိုလက်တစ်ဖက်နဲ့ထိန်းကိုင်ပြီး ကိုယ်ကိုယိုင်လဲကျမသွားအောင်ထိန်းထားရသည်....

'မောင်ရေ....နာ....နာတယ်..ဟင့်..ခ....ခနာလိုက်တာ...အ့......'

အစကဟိုနားလိုလိုဒီနားလိုလို ဆစ်ခနဲအောင့်ရာကနေ တဖြည်းဖြည်းချင်းနာတာက ဝမ်းဗိုက်တလျှောက်စိပ်လာသည်.....

နာလွန်းလို့ နှုတ်ခမ်းတွေကိုပင်ကိုက်ထားမိသည်....

ပထမက သူသီးခံပြီးခဏလောက်နေကြည့်မလို့ဘဲ...နောက်တော့နေလို့မရတဲ့အပြင်နာကြင်မှုကပိုလို့ပင်ဆိုးလာတာကြောင့် မောင့်ကိုသာအော်ခါမိသည်........

'မောင်....ရေ..အ့.......မောင့်...........နာ..လို့...ဟင့်.........'

မောင့်ကိုခေါနေပေမဲ့ထူးသံမကြားရ.....

မေ့နေလိုက်တာ..မောင်ဒီနေ့ညအပြန်နောက်ကျပါ့မယ်လို့ပြောခဲ့သား....မောင်မရောက်သေးဘူးနေမှာ....

နောက်ဆုံး...နာကြင်မှုကြောင့်မတ်တပ်ပင်ကောင်းကောင်းမရပ်နိုင်ဘဲ ကြမ်းပေါခွေပြီးလှဲနေရတဲ့အထိ....

'နာ....တယ်..အား......အ့....ကြီး...မေ....သား..သားကို....ကယ်ပါဦး..'

'ကြီး......မေ.....'

သူ့အသံဘဲတိုးလွန်းတာလား ခေါနေတဲ့သူတွေဘဲသူ့အဝေးမှာရောက်နေတာလားသူမသိ.....အမြင်တွေလည်းအကောင်းပကတိကနေဝေဝါးလာတာကြောင့်ကြောက်စိတ်များပင်ဝင်လာရသည်...

'ကြီး....မေ......မောင်.....ကြောက်တယ်.....ခ...ကြောက်တယ်.....ဟင့်....နာလည်း...နာတယ်...အ့...'

နောက်ဆုံးရှိသမျှအားနဲ့ကုန်းရုန်းကာထဖို့ပြင်မိသည်...

အနားမှာရှိတဲ့စားပွဲခုံကိုဖြည်းဖြည်းချင်းအားယူပြီးထကြည့်သည်..

ခြေတွေမခိုင်တော့တာကြောင့်ဟန်ချက်မပျက်ဖို့အရေးဆွဲမိဆွဲရာကိုသာမမြင်မစမ်းဆွဲမိတော့ စားပွဲခင်း...

Slaves of Love (အချစ်ရဲ့ကျေးကျွန်များ)Dove le storie prendono vita. Scoprilo ora