Chapter28(Unicode+Zawgyi)

158 15 0
                                    

လက်ထဲကပန်းစည်းလေးကိုကိုင်ပြီး ကျွန်တော်ပြုံးနေမိသည်...

နှင်းဆီးပန်းသိပ်ကြိုက်တဲ့ခအတွက်ကျွန်တော်ကိုယ်တိုင်ခြံထဲဆင်းပြီးအလှဆုံးအကောင်းဆုံးအပွင့်လေးတွေကိုခူးပြီးသေချာထုပ်ပိုးထားတာလေ...

ခြံဆိုမှ ခအတွက်ကျွန်တော်လွန်ခဲ့တဲ့တစ်နှစ်ကျော်တုန်းကမှ ရန်ကုန်မြို့စွန်ဘက်မှာခြံလေးတစ်ခြံဝယ်ဖြစ်ခဲ့တယ်...ပြင်ဦးလွင်ဘက်ကနေပျိုးပြီးသားနှင်းဆီပန်းတွေနဲ့တခြားပန်းတွေပါခအတွက်ခြံထဲအပြည့်စိုက်ပေးထားတယ်...

ခကတော့ ဒီခြံနဲ့ဒီပန်းတွေအကြောင်းမသိသေးဘူး...

သူလေးမွေးနေ့ရောက်တော့မှသူလေးကိုလက်ဆာင်အဖြစ်ဒီခြံလေးနဲ့ပန်းခင်းလေးကိုပေးမလို့လေ..

အေးချမ်းပြီးတိတ်ဆိတ်လွန်းလို့ခကြိုက်မှာသေချာပေါက်ဘဲ...

အာ..ပြီးတော့...

နှင်းဆီဆိုဆူးပါမှကြိုက်တဲ့ခအတွက် ဆူးအဆူးခံပြီးခူးလာပေးခဲ့တာ....

တခါတုန်းက ခအတွက်ဆိုပြီးကျွန်တော်နှင်းဆီပန်းလက်ဆောင်ပေးခဲ့ဖူးတယ်...ဆူးမဲ့နှင်းဆီပေါ့လေ...ခဆူးဆူးမှာစိုးလို့ပါ...

အဲ့တော့ခကပြောတယ်...သူဒီပန်းကိုမကြိုက်ဘူးတဲ့...နှင်းဆီဆိုထဲက နဂိုဆူးပါပြီးသာ...ဆူးဆိုတာကသူတို့ဘဝရဲ့အကာအကွယ်ဘဲတဲ့...

ခြူလိုသူတွေများတဲ့လောကကြီးမှာသူတို့ကိုသေချာတန်ဖိုးထားပြီးယုယုယယကိုင်တွယ်ရင်တော့ ဆူးဆိုတာရှိမှန်းတောင်သိရမှာမဟုတ်ဘူးတဲ့..အကယ်၍ သူ့ကိုအကြမ်းပတမ်းကိုင်ပြီးလှုပ်ရမ်းချိုးပစ်ပြီးခူးယူမယ်ဆိုရင်တော့ သူတို့တွေရဲ့ဆူးက ကိုယ်တွေအတွက် သွေးကျိန်စာလိုဘဲတဲ့...

ပန်းဆိုတာဟာလည်းသက်ရှိအမျိုးအစားထဲမှာပါတယ်..သူတို့လေးတွေလည်းနာကြင်မှုကိုခံစားတတ်တယ်...ဒါကြောင့်ဒီတစ်ခေါက်တော့ ဆူးမဲ့နှင်းဆီတွေသူ့ကိုပေးလို့စိတ်မဆိုးတော့ပါဘူးတဲ့...

နောက်ခါကြရင်တော့ သူတို့အလှကိုမဖျက်စီးပါနဲ့မောင်တဲ့...

Slaves of Love (အချစ်ရဲ့ကျေးကျွန်များ)Where stories live. Discover now