Chapter39(Unicode+Zawgyi)

Start from the beginning
                                    

'အင်း..ဟုတ်သားနော်ကိုရာ...'

ဗိုက်ကလေးကိုပွတ်ကာ ဝမ်းနည်းရိပ်သန်းနေတဲ့မျက်ဝန်းတစ်စုံနဲ့မြေပြင်ကိုစိုက်ကြည့်ပြီးအသက်မပါသလိုပြောနေတဲ့ ကျွန်တော့်ညီငယ်လေးကိုကြည့်ပြီး ကျွန်တော်စိတ်မောမိသည်...

စောနကဘဲ ကလေးလေးအကြောင်းပြောရင်းပျော်ရွှင်နေတဲ့ခက အခုတော့ရေသေတွေနဲ့ပြည့်နေတဲ့တည်ငြိမ်နေတဲ့ကန်ရေပြင်လို....

'ခ....ခအမျိုးသားလာမခေါခင်အထိ အကို့နားနေခန်းထဲမှာထိုင်စောင့်ချည်..ကြားလား...'

'ဟုတ်...ကိုရာ့ကိုတော့အလုပ်ရှုပ်စေမိပြီ...'

'ဘယ်ကသာ..လာ...အကိုတွဲကူမယ်...'

'ရတယ်ကိုရာ...ကျွန်တော်..ကိုယ့်ဘာသာလျှောက်ကြည့်ပါမယ်..'

'အေး...လာ..ဖြည်းဖြည်း...'

'ကျေးဇူးကိုရာ...'

'အေးပါကွာ........'

ဟင်း...

သက်ပြင်းရှည်ချရင်းသာ ခနောက်ကနေကျွန်တော်လိုက်လာခဲ့မိသည်..

ဘာတွေဖြစ်နေတာလဲလို့လဲကျွန်တော်မမေးမိ..

ခပြောချင်ရင်အကို့ကိုပြောမှာဘဲမလား...

အကိုမေးလိုက်မှခစိတ်အနှောက်အယှက်မဖြစ်စေချင်လို့ပါ...

နားနေခန်းထဲရောက်တော့လည်း ထိုင်နေတာကမလှုပ်မယှက်...

စကားလည်းမပြောသလို အပြင်ပြတင်းပေါက်ကိုသာငေးမြဲငေးနေတဲ့ခ...

ကျွန်တော်ကတော့ အလုပ်စားပွဲမှာfileတွေကြည့်..လူနာမှတ်တမ်းတွေစစ်ရင်းခအရိပ်အချည်သာကြည့်နေမိသည်..

တချက်တချက်ခစီကရှိုက်သံလိုလိုထွက်လာသလို မျက်ရည်စတွေလည်းမျက်ဝန်းမှာဝေ့နေတတ်သည်...

'ကိုရာ...'

ရုတ်တရက် ညီ့ကိုကြည့်နေရင်းသူခိုးလူမိသွားတဲ့ကျွန်တော်ဟာပြာပြာသလဲဘဲအကြည့်ကိုအဝေးကိုလွှဲပစ်လိုက်ရပြီး ခအမေးကိုခပ်သွက်သွက်ပြန်ဖြေရတော့သည်..

'အင်း..ပြော..ပြောလေခ...အကို့ညီလေးဘာဖြစ်လို့လဲ..??'

'ကျွန်တော်..ကျွန်တော်ကိုရာ့ကိုအကူအညီလေးတောင်းချင်လို့....'

Slaves of Love (အချစ်ရဲ့ကျေးကျွန်များ)Where stories live. Discover now