Chapter 27(Unicode+Zawgyi)

Start from the beginning
                                    

ဆွဲချခံလိုက်ရတဲ့စားပွဲခင်းကြောင့် စားပွဲပေါမှတင်ထားတဲ့ဖန်ခွက်နဲ့အသီးပန်းကန်တွေဟာတခွမ်းခွမ်းနဲ့မှောက်ကုန်သလိုသူဟာလည်းကြမ်းပေါကိုလဲကျတာဟာဗိုင်းကနဲပင်...

ကလေးလေးတစ်ခုခုဖြစ်မှာစိုးတာကြောင့်ဗိုက်နဲ့မကျအောင်အရှိန်ထိန်းရင်းနောက်ကျောခံလိုက်ရတာကြောင့်ကျောရိုးတလျှောက်ကတော့အောင့်သက်သက်ပင်...

နာကြင်မှုကြောင့်ရော ဝမ်းနည်းမှုကြောင့်ရောကြောင့်ခမျက်နှာမှာချွေးတွေမျက်ရည်တွေနဲ့ပင်....

လှေခါးကနေပြေးတက်လာသံကြားလိုက်ရသည်...

အခန်းတံခါးကိုတွန်းဖွင့်ပြီးသူ့နားအပြေးလေးရောက်လာတာကိုလည်းသိလိုက်သည်....

ရင်ခွင်တစ်ခုထဲသူရောက်သွားပြီးသူ့နာမည်အော်ခေါနေတာကိုသိပေမဲ့နှုတ်ကနေစကားပြောဖို့အားပင်မရှိတော့..

နောက်တော့ သူလောကကြီးနဲ့အဆက်ပြတ်ခဲ့ရတော့သည်.....

------------------------------------------------

'ကလင်....လင်......လင်....ကလင်......'

အိတ်ကပ်ထဲကနေအဆက်မပြတ်မြည်နေတဲ့ဖုန်းကြောင့် မောင်တစ်ယောက်သူ့အထက်လူကြီးတွေကိုအားနာရပြန်သည်......

သူမကိုင်တာကြောင့်ခေါနေတာများခဏခဏ...

နာမည်ကြည့်မိတော့ အိမ်ဖုန်း...

အိမ်ဖုန်းဆိုတော့ ခဘဲနေမှာ....

ခကတော့လေ....မောင်ပြောထားရက်နဲ့..ဘာလို့ဖုန်းတွေအဆက်မပြတ်ခေါနေတာလဲမသိဘူး....

'မင်းသားရှိုင်းရှင်လျှံ....'

'ဗျာ...'

'ဖုန်းခေါနေတာခဏခဏရှိပြီနော်.....မကိုင်ဘူးလား..??'

'ကျွန်တော်လူကြီးမင်းတို့ကိုတောင်းပန်ပါတယ်...ကျွန်တော့်ကြောင့်အနှောင့်အယှက်ဖြစ်ရပြီ...'

'မဟုတ်တာဘဲ...ခဏခဏခေါနေတော့အရေးများကြီးမလားလို့မေးမိတာပါ..မင်းသားပြောချင်ရင်ပြောလို့ရပါတယ်...'

'ရပါတယ်..အဲ့လောက်လည်းအရေးမကြီးပါဘူး....နောက်မှသူ့ကိုပြန်ဖုန်းဆက်လိုက်မယ်....'

Slaves of Love (အချစ်ရဲ့ကျေးကျွန်များ)Where stories live. Discover now