Episode - 21(Unicode)

8.7K 342 20
                                    

Episode - 21💫
          စိမ်းတစ်ယောက်သူမခေါ်သံကိုမကြားနိုင်သည်မှာ တစ်နှစ်ပင်ပြည့်ခဲ့ပြီ။ရက်လတို့ပြောင်းလဲခဲ့သော်လည်း သူမ၏စိမ်းအပေါ်ထားရှိခဲ့သောချစ်ခြင်းမေတ္တာတို့မှာပြောင်းလဲခဲ့ခြင်းအလျှင်းမရှိပါ။သစ္စာတရားတို့ဖြင့်နှောင်ဖွဲ့ထားသောချစ်ခြင်းတို့သည် ဘယ်သောအခါမှပြတ်တောက်ရိုးထုံးစံမရှိပါ။

            ပိတောက်ပန်းများဝေဆာစွာပွင့်နေကြပြီး ပတ်၀န်းကျင်၌လည်း သင်္ကြန်အငွေ့အသက်များဖြစ်သော လမ်းပေါ်မှရေကစားနေသည့်လူကြီးလူငယ်များ၊ဥပုသ်သီတင်းဆောက်တည်ကြသူများ သင်္ကြန်သီချင်းသံများနှင့်နွေဦး၏အစ တန်ခူးလသို့ရောက်လာခဲ့သည်။သူမမှာ သူများပျော်လို့မပျော်နိုင်ပဲစိမ်းဘေးမှာနေပြီး စိမ်းကိုပြုစုကာစိမ်းသတိပြန်လည်လာမည့်အချိန်ကိုစောင့်စားနေရသည်။

"စိမ်းရေ သင်္ကြန်တောင်ရောက်နေပြီသိလား"

"အပြင်မှာလေ သင်္ကြန်ကားတွေနဲ့မဏ္ဍပ်တွေကိုသွားလည်ကြတဲ့သူတွေကိုကြည့်ရတာ သိပ်ပျော်ဖို့ကောင်းတာပဲ"

"စိမ်းနေကောင်းလာရင်လေ မြတ်နဲ့အတူသင်္ကြန်ကိုလျှောက်လည်ကြမယ်နော်"

"အဲ့ဒီခါကျရင်စိမ်းကမြတ်ဘေးမှာမြတ်ကိုတစ်ခြားကောင်လေးတွေစရင်နောက်ရင်ဒေါသမထွက်ရဘူးနော်"

"ဒါပေမယ့် စိမ်းတခြားကောင်မလေးတွေကိုကြည့်လို့ကတော့ မြတ်ကဗိုက်ခေါက်ကိုလိမ်ဆွဲမှာဗျ"

ဟူ‌၍စိမ်းကိုပြောပြရင်း သူမမျက်နှာလေးမှာအပြုံးနှင့်မျက်ရည်ရောနေသည်။သူမသည်နေ့တိုင်းစိမ်းမျက်နှာလေးနှင့်လက်လေးခြေချောင်းလေးများကို ရေ၀တ်တိုက်ကာသန့်ရှင်းရေးလုပ်ပေးတတ်သည်။သန့်ရှင်းရေးလုပ်ပေးပြီးလျှင်လည်း -

"Wow ငါ့စိမ်းကသန့်ရှင်းသွားပြီ "

"သန့်ရှင်းပြီးလှနေတဲ့ ကလေးကိုချစ်တယ်ကွာ"

ဟူ၍ morning kissပေးတတ်ပြန်သည်။စိမ်းမရှိသည့်သူမကမ္ဘာလေးကို စိမ်းရှိနေဟန်ဖန်တီးထားရသည့်သူမဝေဒနာကလည်းမသေးပေ။ထို့နောက်စိမ်းအားအ၀တ်အစားလဲပေးရန်အ၀တ်များကိုထုတ်နေစဉ် -

Guardian of the queen(Completed)Where stories live. Discover now