Episode - 20(Unicode)

3.4K 208 1
                                    

Episode - 20💫
ဆရာ၀န်မှစိမ်းကို ICUတွင်၀င်တွေ့လို့ရပြီဖြစ်ကြောင်းပြောရာ ပိုးသတ်၀တ်စုံများ maskများစသည့်အကာအကွယ်ပစ္စည်းများကို၀တ်ဆင်ကာ စိမ်းကို၀င်တွေ့လေသည်။ဦးမြတ်သူရနှင့်အတူ စိမ်းကို၀င်တွေ့ကြရာစိမ်းမှာမျက်နှာမှာလည်း ပွန်းပဲ့ရာများ ခေါင်းမှာလည်းအကြီးအကျယ်ထိခိုက်ထားပြီး လက်မှာလည်းပွန်းပဲ့ဒဏ်ရာများနှင့်မြင်ရက်စရာပင်မရှိ။Oxygenပိုက်များ ဆေးပိုက်များဖြင့်စိမ်းတစ်ကိုယ်လုံးနေရာမလပ်အောင်ပင်။

ထိုကဲ့သို့သောစိမ်းကိုကြည့်နေရသည့်သူမမှာ စိမ်းထက်ပင်နာကျင်ခံစားရသည်။စိမ်းကရုပ်ပိုင်းဆိုင်ရာနာကျင်မှုဆိုလျှင် သူမကစိတ်ပိုင်းဆိုင်ရာ နာကျင်မှုကိုခံစားနေရသည်။သူမသည်မျက်ရည်များစီးကျရင်းစိမ်းလက်လေးကိုကိုင်ကာ -

"စိမ်းရယ် bodyguardဆိုလည်း တော်ရုံပဲကာကွယ်မှပေါ့"

"ခုတော့အန်တီမြတ်ကိုယ်စား စိမ်းဓားစာခံဖြစ်ရတယ်"

"အန်တီမြတ်ဘယ်လိုဖြေရမလဲ"

"စိမ်းရယ် ကိုယ့်ကိုယ်ကိုဒဏ်ရာအရခံပြီးကာကွယ်ရသလားကွယ်"

"စိမ်း အန်တီမြတ်လေ စိမ်းသတိရလာရင် အားလုံးကိုအသိပေးပြီး စိမ်းကိုလက်ထပ်မှာသိလား"

"စိမ်းအန်တီမြတ်ကို လက်ထပ်ချင်တယ်မလား"

"ဒါဆိုအိပ်မနေနဲ့ အမြန်ထတော့နော်"

ဟုကြေကွဲစိုနင့်စွာပြောနေသည့်စကားများကို ဘေးကကြည့်နေသည့်ဦးလေးဖြစ်သူမှာမကြည့်ရက်နိုင်တော့၍ အခန်းပြင်ထွက်လာရာ ရဲ၀တ်စုံ၀တ်ထားသည့်လူတစ်ယောက်နှင့်တွေ့လေသည်။

"ဒေါ်‌မြတ်မြတ်မေနဲ့တွေ့လို့ရမလား ကျွန်တော်ကိုကျော်သူစိုးအမှုကိုကိုင်တဲ့ဒုရဲအုပ်ပါ"

"ဟုတ်ကဲ့ကျွန်တော်သူ့ဦးလေးပါ ကျွန်တော့်ကိုပြောလို့ရပါတယ်"

"သမီးမြတ်က လူနာနဲ့ရှိနေလို့ပါ ပြီးတော့စိတ်ကလည်းနားထောင်နိုင်တဲ့အခြေအနေမဟုတ်လို့ပါခင်ဗျာ"

"ဟုတ်ပါပြီ ကျွန်တော်ပြောပြပါမယ် ခုဖြစ်တဲ့ကိစ္စမှာကျွန်တော်တို့စောရောက်နေခဲ့ပါလျက် အပြည့်အ၀ကာကွယ်မှုမပေးနိုင်တဲ့အတွက် ကျွန်တော်အားနာလို့ပါ နောက်ပြီး အမှုအကြောင်းကိုသေချာရှင်းပြရင်း မစိမ်းဝါဖူးအခြေအနေကိုသတင်းလာမေးတာပါ"

Guardian of the queen(Completed)Where stories live. Discover now