Episode - 8(Unicode)

3.4K 255 0
                                    

Episode - 8💫
ဒီလိုနဲ့ကိုတိုးတို့ဆိုင်ကို ချမ်းနှင့်အတူရောက်ခဲ့သည်။မိမိတို့သွားသည့်အချိန်၌ ကိုတိုးသည်ဈေး၀ယ်သူတစ်ဦးနှင့်စကားပြောနေသဖြင့် ခဏစောင့်ရန်ခြေဟန်လက်ဟန်ဖြင့်ပြသဖြင့်ချမ်းနှင့်နှစ်ယောက်သားစောင့်နေကြသည်။ဈေး၀ယ်သူပြန်သွားသောအခါမှ ကိုတိုးက -

"အေးပေါ်တော်မူ မိစိမ်း နင်ခုမှရောက်လာတာလား"

"ဪ ဘေးကကပ်မြှောင်လည်းပါတာကိုး"ဟုချမ်းချမ်းအားစလိုက်ရာ

"မျက်နှာရူးနော် ငါပါးချလိုက်ရ"ဟု
ပြောလိုက်ရာကိုတိုးမှာအားရပါးရရယ်တော့သည်။

"နေပါဦးနင်ပျောက်သွားတဲ့အကြောင်းအရင်းလေးငါ့ကိုပြောပါဦး"

"အေးပါပြောပါ့မယ်ကိုတိုးရယ် ငါတို့ကိုဖင်နေရာလေးတော့ပေးဦးတကယ်တည်း"

"အေး အေး မေ့နေတာငါလည်း လာထိုင်"ဟုဆိုကာ ကိုတိုးတို့ဆိုင်မှ ဧည့်သည်ခေတ္တနားနေရန်ပြုလုပ်ထားသည့် ကုလားထိုင်များတွင်၀င်ထိုင်လိုက်ကြသည်။ထို့နောက်စိမ်းက မိမိအန်တီမြတ်နှင့်တွေ့ဆုံပုံများ၊အန်တီမြတ်ရဲ့နားလည်ရခက်မှုများ၊အန်တီမြတ်၏ကြွယ်၀ချမ်းသာမှုများကိုစီကာပတ်ကုံးရေပတ်မ၀င်အောင်ပြောပြနေရာ ကိုတိုးနှင့်ချမ်းချမ်းမှာလည်းပါးစပ်အဟောင်းသားဖြင့်နားထောင်နေကြသည်။ထိုစဉ်ကိုတိုးက -

"ဒါဆို နင့်အန်တီကြီးကဘောစိပေါ့"

"နင်ကံကောင်းလိုက်တာ ငါတောင်အလုပ်၀င်ချင်သွားပြီ "
ဟုပြုံးစိစိနဲ့ပြောနေရာ ချမ်းချမ်းက နှုတ်ခမ်းကိုရွဲ့ကာမဲ့ကာဖြင့် -

" ကိုတိုး နင့်အကြောင်းငါမသိရင်ခက်မယ်‌ သွားကြောင်ချင်နေတာမလား"

" ငါ့ဘာငါကြောင်ကြောင် ကြက်ကြက် နင့်အလုပ်လား"

"အနာ‌ပေါ်တုတ်ကျတော့ စပ်နေလိုက်အဲ့မှာ"

"အေးနော် ငါထထိုးလိုက်ရ"

"အမယ်လေး ထိုးကြည့်လိုက်စမ်းပါ ထိုးကြည့်လိုက်စမ်း သေမှာမကြောက်လို့ပေတရာလျှောက်နေတဲ့ ကဘေကဘာကအခြောက်ဟဲ့"
ဟူ၍အာပေါင်အာရင်းသန်သန်နှင့်ချမ်းချမ်းကရန်တွေ့နေရာ ကိုတိုးကလည်းလက်သီးတရွယ်ရွယ်နှင့်။ခုထိကလေးတွေလိုရန်ဖြစ်နေတုန်း။တွေ့တိုင်းသတ်နေတဲ့နှစ်ယောက်။ထိုရန်ပွဲကိုမိမိ၀င်ဖြန်‌ဖြေမှပင်ရတော့မယ်ဟုအတိအကျသိထားပြီးသောစိမ်းက -

Guardian of the queen(Completed)Where stories live. Discover now