Episode - 17(Unicode)

3.2K 204 0
                                    

Episode - 17💫
စိမ်းလည်းသူမသတိပြန်အရကိုစောင့်ရင်း ဆေးရုံအခန်းပြတင်းပေါက်ကိုဖွင့်ပြီး လေကောင်းလေသန့်ကိုတ၀ကြီးရှုရှိုက်ပစ်လိုက်သည်။စိမ်းမွန်းကြပ်နေပြီ။မြတ်ကိုချစ်တဲ့စိတ်တွေ အဆုံးရှုံးမခံနိုင်တဲ့စိတ်တွေနဲ့မွန်းကြပ်နေပြီ။အချစ်ရူးလေးရဲ့မွန်းကြပ်နေမှုတွေကိုဖြေလျော့ပေးပါတော့ မြတ်ရယ်။မြန်မြန်သတိရလာပေးပါတော့........

စိမ်းအတွေးလွန်နေစဉ် စိမ်းထံဖုန်းစိမ်း၀င်လာပြန်သည်။စိမ်းလည်းလူသတ်သမားအထင်နှင့် အခန်းတွင်းမှထွက်ကာ တံခါးကိုအသာပိတ်လိုက်ပြီး ဆေးရုံကော်ရစ်တာရှိ ထိုင်ခုံတန်းတွင်၀င်ထိုင်ကာ ဖုန်းကိုင်လိုက်သည်။ကြားရသည့်အသံမှာ နေ့လည်ကလူ၏အသံ -

" ဘယ်လိုလဲ တော်တော်မှပျော်ရဲ့လား ရှာရတာ"

"ငါတော့ကွာမင်းကိုတကယ်ချီးကျုးတယ် ငါဖွက်ထားတာကိုမင်းရအောင်ရှာနိုင်လို့"

"ရှင့်ရဲ့ယုတ်မာမှုတွေကို ရပ်တန်းကရပ်ပါ"

"ရှင့်ကိုလေအပြင်မှာသာတွေ့ရင် မျက်နှာတွေချည်းကျွန်မဆွဲထိုးပစ်တယ်သိလား"

"ဟိုး ဟေး ဟေး ဒေါသကိုလျှော့မှပေါ့ မင်းရုပ်ကလေးနဲ့ဒေါသကြီးနေတာကမလိုက်ပါဘူးကလေးမရာ"

"ရှင်ပြောချင်တာဘာလဲ လိုရင်းပဲပြော"

"ဟုတ်ပြီလေ ငါပြောမယ် ဒီနေ့ဖြစ်တဲ့ကိစ္စမှာ မင်းနိုင်တယ်ဆိုတာငါပြောချင်လို့ ဒါပဲ "

"ဪ မကြာမီလာမည်မျှော် ဟား ဟား........"

ထိုအသံပိုင်ရှင်မှာဖုန်းချသွားရာ စိမ်းမှာအောင့်သက်သက်နှင့်အခန်းထဲသို့ပြန်၀င်လာခဲ့သည်။စိမ်းထိုလူကိုအစိတ်အစိတ်အမြွှာမြွှာဖြစ်အောင်လုပ်ပစ်ချင်သည်။သို့သော် လူလုံးပင်ထွက်မပြ၍ စိမ်းအတွက်ကြိတ်မနိုင်ခဲမရဖြစ်ရလေသည်။ထိုစဉ် -

"အင်း ....."
[ညည်းသံ]

သူမသည်မျက်လုံးများကိုအားယူ၍ဖွင့်ကြည့်လိုက်ရာ မျက်နှာကျက်အဖြူကြီးနှင့်လည်နေသောပန်ကာကိုတွေ့ရသည်။ထို့နောက် ဘေးတွင်ငူငူလေးထိုင်နေသောစိမ်းကိုမြင်လိုက်ရာ လေသံဖျော့ဖျော့လေးဖြင့် -

Guardian of the queen(Completed)Where stories live. Discover now