Episode - 10(Unicode)

3.5K 250 0
                                    

Episode -10💫
စိမ်းလည်းညကအိပ်ကောင်းကောင်းနဲ့အပျော်လွန်ပြီးအိပ်လိုက်တာ နောက်ကျမှသာနိုးတော့သည်။စိမ်းနိုး၍အောက်ထပ်ဆင်းအလာ ဒေါ်၀င်းနှင့်အတူအလုပ်ရှုပ်နေသောသူမကိုလှမ်းမြင်ရသည်။

" ဒေါ်၀င်းရေ ကလေးတွေလာရင်အဆင်မပြေတာမကြားချင်ဘူးနော် သူတို့လိုအပ်တာလုပ်ပေးလိုက်နော်"

"ဟုတ်ကဲ့ပါ မြတ်ရဲ့ စိတ်ချ"

"အအေးဘူးတွေ ice-creamတွေ အသီးတွေရောရေခဲသေတ္တာထဲထည့်ထားပြီးပြီလား"

"သေချာထည့်ပြီးပါပြီ မြတ်ရဲ့"

"အင်းဒါဆိုလည်းပြီးရော"

ဟူ၍သူမထမင်းစားခန်းထဲကထွက်အလာ လှေကားရင်းတွင်စိမ်းနှင့်ဆုံလေသည်။စိမ်းက -

"အန်တီမြတ်ရယ် ဒါတွေစိမ်းလုပ်လည်းရပါတယ်"

"အန်တီမြတ်ကိုယ်တိုင်လုပ်နေတော့အားနာစရာ"

"လာပြန်ပြီလား ဒီအားနာတာကြီး"

"အားနာစရာမလိုပါဘူး စိမ်းလေးသူငယ်ချင်းတွေလာလည်တဲ့အခါ ဟာ.....ဒီအိမ်ကပျော်ဖို့ကောင်းလိုက်တာ နောက်ထပ်လာချင်လိုက်တာလို့ပဲကြားချင်တာ ဒီအိမ်ကဆက်ဆံရေးမကောင်းဖူး စိတ်ညစ်စရာကြီးလို့မကြားချင်လို့"

"ဟုတ်ကဲ့ပါ အန်တီမြတ်သဘော"
ဟုဆိုကာထမင်းစားခန်းထို့စိမ်း၀င်လာခဲ့သည်။မနက်စာစားရင်းအန်တီမြတ်အကြောင်းပဲစဉ်းစားနေမိသည်။အန်တီမြတ်ကဒီလိုပဲစေ့စပ်သေချာပြီးအရာရာကိုထောင့်စေ့အောင်လုပ်တတ်တဲ့အမျိုးသမီးလား။ဘာပဲဖြစ်ဖြစ်အန်တီမြတ်အခုလိုဖြစ်နေခြင်းကိုတော့စိမ်းပျော်သည်။

နေ့လည်ခင်းလောက်တွင်ကိုတိုးနှင့်ချမ်းချမ်းရောက်လာခဲ့သည်။နှစ်ယောက်လုံးမှာအိမ်ကြီးထဲသို့၀င်လာလာချင်းပါးစပ်အဟောင်းသားနှင့်၀င်လာပြီး ချီးမွန်းခန်းကဖွင့်လို့မပြီး။သူတို့အတွက်သီးသန့်နေရာလေးကိုစိမ်းကဥယျာဉ်လေးထဲ၌ စားပွဲကုလားထိုင်အကျအနဖြင့်စီစဉ်ပေးထားလေရာ နှစ်ယောက်လုံးသဘောကျနေတော့သည်။မုန့်စားလိုက် လေပေါလိုက် ရယ်လိုက်နှင့်စိမ်းတို့သုံးယောက်အသံသည် ဥယျာဉ်လေးတစ်ခုလုံးကိုလွှမ်းမိုးထားသည်။

Guardian of the queen(Completed)Tempat cerita menjadi hidup. Temukan sekarang