Episode - 13(Unicode)

3.5K 250 4
                                    

Episode - 13💫
"ကျွီ"
တံခါးဖွင့်သံကြားလိုက်သည်။စိမ်းအိပ်ချင်ယောင်ဆောင်နေလိုက်ပြီး သူမကစိမ်းအိပ်နေပြီအထင်နှင့်စိမ်းအနားကိုကပ်ကာ စိမ်းနဖူးလေးကိုနမ်းလိုက်သည်။ထို့နောက် သူမနှုတ်ဖျားကထွက်ကျလာသောစကားများက -

"ခလေးငယ်ရေ ချစ်တယ်"

"အန်တီချစ်နေတာကို ခလေးသိရင်အန်တီကိုဘယ်လိုများထင်မလဲဟင် အထင်များသေးသွားမလား"

"အိုကွယ် အန်တီမင်းကိုချစ်ပေမယ့်ထုတ်ပြလို့မရတာတော့ခွင့်လွှတ်ပါ ပတ်၀န်းကျင်ကအန်တီကိုကြည့်မယ့်အကြည့်တွေကိုအန်တီကြောက်လို့ပါခလေးရယ်"

"အန်တီမြတ်က သူရဲဘောကြောင်တယ်မလား ဟား ဟား"
[ ခြောက်ကပ်ကပ်ရယ်သံဖြင့် ]

" ခလေးဒီလိုပြောလာရင်တောင်အန်တီမြတ်မှာ ပြန်ပြောစရာမရှိပါဘူး"

"အဲ့တာကြောင့်ခလေးကိုသူများတွေမသိအောင်ခိုးချစ်နေရတာ အန်တီမြတ်လည်းဒီအခြေအနေကြီးကိုမကြိုက်ပါဘူး မတတ်သာလို့သာ"

"ဘာပဲဖြစ်ဖြစ် စိမ်းလေးရယ် အန်တီသမီးကိုချစ်တယ် အန်တီမင်းကိုအရိပ်တကြည့်ကြည့်နဲ့ချစ်နေရတာပါ စိမ်းလေးတော့သိမလားမသိဘူး"

" မင်းကိုစိမ်းစိမ်းကားကားနေရတဲ့အချိန်ဆို အန်တီမြတ်နှလုံးသားတွေကြွေမွမတတ်ပါပဲ"
[ငိုသံလေးဖြင့်]

စိမ်းမှာကြားနေရသောစကားများအတွက်ကြေကွဲနာကျင်နေရုံကလွဲပြီး ဘာမှမတတ်နိုင်။မိမိကြောင့်အန်တီမြတ်ကိုလူတွေကဲ့ရဲ့မှာကိုလည်းမလိုလားပေ။ကြိတ်ချစ်လက်စနဲ့ကြိတ်ချစ်လိုက်ပါတော့မယ်။ထိုကဲ့သို့ဆုံးဖြတ်ရင်းစိမ်းလည်းရင်ထဲမှာပဲသိမ်းထားလိုက်ရတော့မည့်အချစ်တစ်ခုရှိလာတော့သည်။

နောက်တစ်နေ့မနက်စောစော မန်နေဂျာကပုဂံကိုအလည်အပတ်ထွက်ရန်ကားအဆင်သင့်ဖြစ်ကြောင်းပြောရာ စိမ်းလည်းအန်တီမြတ်နှင့်အတူ ပုဂံအနှံ့ဘုရားဖူးရန်ထွက်လာလိုက်တော့သည်။နာမည်ကြီးဘုရားများဖြစ်သော ဓမ္မရံကြီး၊အာနန္ဒာ၊ရွှေစည်းခုံစသည့်ဘုရားများကို လှည့်ပတ်ဖူးမြှော်ခဲ့ရာ နောက်ဆုံးဘူးဘုရားသို့ရောက်လာသည်။ညနေခင်းဆည်းဆာချိန်ဖြစ်၍ မြစ်တစ်လျှောက်ရှု့ခင်းကရင်သက်ရှု့မောဖွယ်ပင်။စိမ်းတို့အသွားတွင် ဘုရားပေါ်၌လူများရှင်းလင်းကာ စိမ်းတို့နှင့် ဘုရားဖူးအနည်းငယ်သာရှိသည်။ထိုအခါ အန်တီမြတ်က -

Guardian of the queen(Completed)Where stories live. Discover now