Episode - 12(Unicode)

3.5K 248 4
                                    

Episode - 12💫
လောကမှာနှုတ်ကဖွင့်မပြောပဲ အချစ်ဖြစ်နေတတ်တာမျိုးက စိမ်းနဲ့မြတ်ကြားမှာပဲရှိတာတော့မဟုတ်ပါ။မပွင့်လင်းရဲပေမယ့်အချစ်ကြီးတတ်သူတွေဖြစ်လေ့ဖြစ်ထရှိတဲ့ထုံးစံတစ်ခုပါ။Mind connectionရှိတဲ့လူသားလေးတွေလို့တင်စားရင်ပိုမှန်ပါလိမ့်မယ်။တစ်ယောက်ဘာလိုချင်တယ်ဆိုတာတစ်ယောက်ကမပြောပဲသိနေတာမျိုးပေါ့......

"ကဲ အားလုံးပဲ ခုသီတင်းကျွတ်‌ရုံးပိတ်ရက်လည်းရောက်လာပြီဆိုတော့ မမြတ်တို့ရုံးကသုံးရက်ပိတ်ပေးမယ်"

"ဟေး......."
ဟူသောလူအုပ်ကြီး၏၀မ်းသာအားရထအော်သံ။အားလုံးထိုသတင်းကိုသူမဆီမှကြားရ၍ မိမိရပ်ရွာသို့ပြန်မည့်သူများကလည်း အိမ်ကိုပြန်လာမည့်အကြောင်းဖုန်းဆက်ကြ ရည်းစားရှိသူများကလည်းဘယ်နေ့တော့ဖြင့်တွေ့ကြမယ်ဘယ်သွားကြမယ်ဟူ၍ ကိုယ်စီကိုယ်စီသွားဖို့လာဖို့အစီအစဉ်များလုပ်နေကြသည်။စိမ်းလည်းထိုသူတို့ကိုကြည့်ရင်း‌အပျော်ကကူးစက်လာသလိုဖြစ်လာသည်။စိမ်းလည်းသူတို့လိုပျော်ချင်သည်။ပျော်ခွင့်ရချင်သည်။သို့သော်ပြန်ရမည့်မိဘအိမ်ဆိုတာလည်းမရှိ မိထွေးအိမ်သာရှိသည်။ချစ်ကြည်နူးတစ်တီတူးရမယ့်ရည်းစားကလည်းမရှိနှင့်စိမ်းအတွက်တော့ အများတကာနှင့်မတူအလွန်ပျင်းခြောက်ခြောက်နိုင်လှသော သီတင်းကျွတ်ရုံးပိတ်ရက်ကြီးဖြစ်နေတော့သည်။

ညနေပိုင်းထုံးစံအတိုင်းသူမနှင့်အတူ ရုံးလိုက်ဆင်းပြီး လမ်းတစ်လျှောက်ကားမှန်ပေါ်ခေါင်းမှီရင်း လမ်းတစ်လျှောက်သွားလာလှုပ်ရှားနေသည့်လူများကိုကြည့်ကာ ဘာကိုလွမ်းလို့လွမ်းရမှန်းမသိ ဘယ်ကိုပြန်လို့ပြန်ချင်မှန်းမသိဖြစ်နေသည့်မိမိစိတ်ကိုပင်နားမလည်တော့။အိမ်သို့ပြန်ရောက်သော်လည်းအိပ်ခန်းထဲသို့တန်း၀င်သွားပြီးစောင်ခေါင်းမြီးခြုံ၍ကာ အိပ်လိုက်သည်။စိမ်းတစ်ယောက်အိပ်နေစဉ် သူမအခန်းထဲသို့၀င်လာခဲ့သည်ကိုမသိ။တမင်မသိအောင်တိုးတိုးလေး၀င်လာပြီး စိမ်းအိပ်ရာဘေးကစားပွဲပေါ်တွင် လက်ဆောင်ဘူးလေးတစ်ခုထားပေးခဲ့သည်။ထိုအရာက ဘာများဖြစ်မလဲ။ဘာကြောင့်ပေးတာလဲ။

Guardian of the queen(Completed)Where stories live. Discover now