Episode - 14(Unicode)

3.5K 237 0
                                    

Episode - 14💫
ချိုမြိန်လှသည့်အပြာရောင်အချစ်ညလေးကိုပုဂံ၌ဖြတ်သန်းကာ ရုံးဖွင့်ရက်အမှီ မန္တလေးသို့ပြန်လာခဲ့သည်။နောက်နေ့ရုံးဖွင့်ရက်ရောက်‌သောအခါ ရုံးတက်ရုံးဆင်းနှင့်အချိန်များလည်းဒီလိုနှင့်ပင်ကုန်လွန်လာခဲ့သည်။တရွေ့ရွေ့ပြောင်းလာသောရက်စွဲတို့နှင့်အတူစိမ်းနှင့်သူမ၏အချစ်များသည်လည်း ထုထည်ကြီးသထက်ကြီးလာသည်။

** November 4**
စိမ်းသည်ထုံးစံအတိုင်းရုံးပိတ်ရက်ဖြစ်၍ မနက်စာစားရန်ဆင်းလာခဲ့သည်။သူမကထမင်းစားခန်းထဲသို့အရင်ရောက်နေသည်။

"စိမ်း morning "

"‌morning အန်တီမြတ်"

"စိမ်းကိုတစ်ခုပြောစရာရှိလို့"

"အယ် စိမ်းလည်းပြောစရာရှိနေတာ"

"ဒီနေ့စိမ်းမွေးနေ့"
"ဒီနေ့အန်တီမွေးနေ့"
ဟူသောစကားကိုတစ်ပြိုင်နက်တည်းပြောမိကြရာ -

"ဟယ် ဒါဆို စိမ်းနဲ့အန်တီမြတ်ကမွေးနေ့တူတူပဲပေါ့"

"စိမ်းလည်းခုမှသိလို့အံ့ဩနေတာ"

"ကဲဒါဆိုတို့နှစ်ယောက်ဘုရားသွားမယ် လည်မယ်ပတ်မယ် ဘယ်လိုလဲ သဘောတူလား"

"အန်တီမြတ်သဘော အန်တီမြတ်သဘော"
ဟူ၍မျက်နှာချိုသွေးလိုက်သည့်စိမ်းကို သူမအသည်းယားလာ၍ စားပွဲအောက်မှစိမ်းခြေထောက်လေးကိုသူမခြေမနှင့်ခြေညှိုးကိုအသုံးပြုကာ ခြေသလုံးလေးကိုလိမ်ဆွဲလိုက်ရာ -

"အား သေပါပြီ"
ဟုအော်မိရာ သူမကတော့ပြုံးစိစိနှင့်ကြည့်နေပြီး ဘေးမှ မနက်စာများကိုပြင်နေသည့်ဒေါ်၀င်းက -

"စိမ်းဘာဖြစ်လို့လဲ"

"ဘာမှမဟုတ်ပါဘူး ခြေထောက်ပေါ်ကြွက်တက်သွားလို့"

"ဟင်အကောင်ကြီးလား ဒေါ်၀င်းကြောက်လို့ပါကွယ်"

"မကြီးပါဘူး ဒေါ်၀င်းရဲ့ကြွက်လေးကသေးသေးဖြူဖြူချစ်စရာလေး"
ဟု သူမကိုစိမ်းကပြန်နောက်နေပြန်သည်။ထိုအခါသူမက

"ဒေါ်၀င်း နေ့လည်စာမချက်နဲ့တော့ကျွန်မအပြင်မှာစားမယ်"
ဟုပြောကာ မျက်နှာတည်တည်ကြီးနှင့်အပေါ်ထပ်သို့တက်သွားရာ စိမ်းလည်းစားလက်စမုန့်ကိုချကာ တန်းပြေးလိုက်သွားလေသည်။သူမအခန်းထဲသို့၀င်သွား၍စိမ်းလည်းအခန်းထဲထိလိုက်ကာ -

Guardian of the queen(Completed)Onde histórias criam vida. Descubra agora