Episode - 3(Unicode)

3.9K 294 0
                                    

Episode- 3💫
နောက်တစ်နေ့နေ့လည်ခင်း၌ သူမရုံးမှအိမ်ကိုတစ်ခေါက်ပြန်လာပြီးစိမ်းအခန်းသို့တက်သွားကာ တံခါးခေါက်လိုက်သည်။

"စိမ်း အထဲမှာရှိလား"

"ဟုတ်ကဲ့ ကျွန်တော်ရှိပါတယ်အန်တီ"

"ဒါဆိုရင်အန်တီ၀င်ခဲ့ပြီနော်" ဟုဆိုကာအခန်းတွင်း၌စိမ်းအားတွေ့သည်။ထို့နောက်သူမက -

"အခုစိမ်းအန်တီနဲ့ shoppingထွက်ရမယ်"

"စိမ်းမှာ No moneyနော်အန်တီ"

"ရှင့်ကိုလည်းမ၀ယ်ခိုင်းပါဘူး ကြိုပိတ်မနေနဲ့"

"အန်တီတစ်နေ့ကပြောတာမှတ်မိလား အန်တီအဆင့်အတန်းနဲ့ကိုက်ညီအောင်ပြုပြင်ရမယ်ဆိုတာလေ ခုသွားမှာလည်းအဲ့တာကြောင့်"

"ရှည်မနေနဲ့လိုက်ခဲ့"ဟုဆိုကာ စိမ်းလက်ကိုဆွဲ၍အခန်းမှထွက်ခဲ့တော့သည်။

Shopping mallကိုရောက်သောအခါ စိမ်းကတော့နောက်ကတကောက်ကောက်လိုက်အိတ်ဆွဲ။သူမကစိမ်းနှင့်လိုက်ဖက်မည့်အ၀တ်အစားများ အသုံးအဆောင်များအားရွေးလိုက်နှင့်ပင်အချိန်တော်တော်ကြာခဲ့သည်။၀ယ်စရာရှိတာများ၀ယ်ပြီးနောက် -

"စိမ်း အန်တီတို့ တစ်ခုခုစားရအောင် Lunchကလည်းနီးနေပြီဆိုတော့"

"အန်တီသဘောပါဗျာ"ဟုဆိုကာ သူမနှင့်အတူအထုတ်များဆွဲရင်းလိုက်ပါလာခဲ့သည်။နေ့လည်စာအတွက်သူမ‌ကနေရာတစ်ခုကိုဒရိုင်ဘာအားပြောကြားနေသည်။စိမ်းကတော့အာရုံမထားမိ။မကြာမီပင် စိမ်းမြင်လိုက်ရသည်က ခမ်းနားထည်ဝါမှုအပြည့်နဲ့ Hotelကြီးတစ်ခု။စိမ်းမှာကြည့်ရင်းကြည့်ရင်းဟာကနဲဟင်ကနဲဖြစ်ရလောက်ပင်သဘောကျနေတော့သည်။ထို Hotelရှေ့တွင်ကားရပ်လိုက်စဉ် -

"မင်္ဂလာပါ မမြတ် ကျွန်တော်အားလုံးအဆင်ပြေအောင်စီစဉ်ထားပါတယ် ဒီဘက်ကိုကြွပါ"ဟုဆိုသူမှာမန်နေဂျာဟုရင်ဘတ်တွင်ကတ်ပြားလေးတပ်ထားသောအမျိုးသားတစ်ဦးဖြစ်သည်။
Hallခန်းကြီးတစ်ခုအတွင်းရောက်သွားသည်။လှပစွာအလှဆင်ထားသည့်စားပွဲများစွာရှိသည့်အခန်းကျယ်ကြီး။မီးဆိုင်းများကလည်း တောက်ပနေသည်မှာ မျက်လုံးပင်ကျိန်းချင်သည်။

Guardian of the queen(Completed)Where stories live. Discover now