Episode - 19(Unicode)

3.2K 206 3
                                    

Episode - 19💫
စိမ်းမရောက်ချင်ဆုံးအချိန်ကိုရောက်လာခဲ့သည်။သူမသည်ရုံးခန်းမှထွက်လာပြီး မသူဇာတို့စားပွဲတွင်ထိုင်နေသောစိမ်းအနားကိုလာကာ -

"စိမ်း အန်တီမြတ်တို့ဆောက်လက်စ siteကိုခဏသွားရမယ်"

"လာ သွားကြစို့"

"ဟုတ်ကဲ့ အန်တီမြတ်"

အသင့်စောင့်နေသောကားပေါ်သို့သူမနှင့်အတူစီးနင်းလိုက်ပါလာသောစိမ်းမှာ ရတက်မအေးဖြစ်နေ၍ မျက်လုံးများကတောင်ကြည့်မြောက်ကြည့်နှင့်အိန္ဒြေမရတော့ပေ။ထိုအခါ သူမက -

"စိမ်း သမီးဘာဖြစ်နေတာလဲ နေမကောင်းဘူးလား မှန်းစမ်း"

ဟုပြောပြောဆိုဆိုစိမ်းနဖူးလေးကိုသူမလက်လေးဖြင့်စမ်းလိုက်ပြီး -

"အွန်း အဖျား‌လည်းမရှိပါဘူး"

"စိတ်ညစ်စရာတစ်ခုခုရှိလို့လား စိမ်း"

"မဟုတ်ပါဘူး အန်တီမြတ်"

"စိမ်းဗိုက်ဆာနေလို့ပါ"
ဟုလိမ်ပြောလိုက်ရာ သူမက -

"ဪ ဒါဆိုအပြန်ကျရင်အပြင်မှာတစ်ခါတည်း၀င်စားကြတာပေါ့"

"ဟုတ် အန်တီမြတ်"

ဟုဆိုကာသူမရင်တွင်းမှအပူကိုအန်တီမြတ်မသိစေလို။ထို့ကြောင့်မုသားဖြူတို့ဖြင့် လိမ်ညာခဲ့သည်။စိမ်းသည်ကားမှန်မှတစ်ဆင့်ကြည့်ရင်း တွေးနေသည်မှာ -

"မြတ်ကို စိုးရိမ်နေတာ မြတ်ရေ"

"မြတ်ကိုစိမ်းအဆုံးစွန်ထိကာကွယ်မယ် စိမ်းရှိလျက်နဲ့မြတ်ကိုဘယ်သူမှလက်ဖျားနဲ့တောင်မထိစေရဘူး"

"ဘာတွေပဲဖြစ်နေနေ မြတ်ရယ်စိမ်းအနားမှာပဲနေပေးပါ"

"စိမ်းကမြတ်မရှိရင်အဟုတ်သေမှာ "

"မြတ်အတွက်ဆို စိမ်းဘာပဲပေးဆပ်ရပေးဆပ်ရကျေကျေနပ်နပ်ကြီးပေးလိုက်မယ် မြတ်"

မြတ်ကိုဆုံးရှုံးရမှာကြောက်တဲ့စိတ်ကတလမ်းလုံးနှိပ်စက်ကာနေတော့သည်။ထိုစဉ်ကားဆရာက FMဖွင့်ထားရာ လာနေသော သီချင်းက -

"ရှေ့ဆက်ဖို့မင်းကအင်အားပေါ့ ငါ့ဘ၀အတွက်မင်းမရှိရင်မဖြစ်လို့ ငါ့နံဘေးနားမှာ နင်တစ်ယောက်တည်းသာအနားလည်နိုင်ဆုံးသူ ခဏဖြစ်ဖြစ်အနားကနင်ထွက်သွားခဲ့ရင် မခံနိုင်ပါဘူး ငါ့နှလုံးသားလေး ငိုမိမယ် ရင်ထဲမှာခံစားရတယ် နင်ထွက်မသွားပါနဲ့
အရိပ်တစ်ခုလိုနေပါမယ် မင်းအနားမှာနေရရင် ဘာမှမလိုအပ်တော့ပါ မတောင့်တတော့ပါ အရာရာဟာပြီးပြည့်စုံ ဘ၀ရဲ့ဒဏ်တွေခါးလည်း တို့နှစ်ယောက်အတူလက်တွဲကာ ရင်ဆိုင်ဖို့အားများပြည့် မင်းဘေးနားရှိရင် ဘယ်လိုအရာတွေတားဆီးပါစေ ရှေ့ဆက်မှာပါ"

Guardian of the queen(Completed)Where stories live. Discover now