Episode - 2(Unicode)

4.6K 306 0
                                    

Episode - 2 💫
ကားပေါ်တွင်လည်းပီကေကိုဖောက်လိုက်ဝါးလိုက်လုပ်နေသည့်ထိုမိန်းမငယ်ကိုအကဲခတ်နေသည်။ထို့‌နောက်သူမကသိလိုသည်များကိုမေးမြန်းလိုက်သည်။

"ချာတိတ် မင်းနာမည်က"

"စိမ်းဝါဖူး"

"အန်တီနာမည်ကရော"ဟုချက်ချင်းပြန်မေးလိုက်ရာ

"အန်တီနာမည် ဒေါ်မြတ်မြတ်မေ "

"လင်္ကာဒီပ Constructionရဲ့ Director "

"Wow...အန်တီကသူဌေးပဲ ကျွန်တော်နဲ့ပြဒါးတစ်လမ်းသံတစ်လမ်း "

"ကျွန်တော်က ဆင်းရဲတယ် ငယ်ငယ်ကတည်းကမိထွေးနဲ့နေပြီးမိထွေးနှိပ်စက်သမျှခံရင်း အခုမခံနိုင်တဲ့အဆုံးအိမ်ကဆင်းလာတာပဲ ပြောရရင်ကလေကချေပေါ့ဗျာ ဟား ဟား ဟား"ဟုခြောက်ကပ်ကပ်‌အသံဖြင့်ရယ်လိုက်သည်။

"အန်တီကြည့်ရတာတော်တော်အကြောတင်းမယ့်ပုံ"

"ကျွန်တော်ပြောတာ မာနကြီးမယ့်ပုံလို့ပြောချင်တာ"

"အမယ်ချာတိတ်ကရောဘာထူးလဲ ဘာကိုချေလို့ချေမှန်းမသိအောင်ချေမိုးနေတဲ့ရုပ်"ဟုဆိုရာ မိန်းမငယ်လေးကသဘောကျ၍ဟက်ဟက်ပက်ပက်ရယ်တော့သည်။မယောင်မလည်နှင့်siteသို့လိုက်သွားပြီး သူမဘေးကအတူတကွလိုက်ပါရင်းဟိုကြည့်ဒီကြည့်။အလုပ်သမားများကိုချက်ကျလက်ကျခိုင်းနေသည့်သူမမှာ တော်တော်ဆွဲဆောင်မှုရှိသည်ဟုဆိုရမည်။ကြက်သွေးရောင်ပါတိတ်လေးနှင့်ဒေါက်မြင့်ဖိနပ်အနက်လေးကိုစီးကာလျှောက်သွားနေသည့်သူမခြေလှမ်းလေးများကိုကြည့်ကာ မိမိခြေလှမ်းများပင်ရပ်နေမိသည်။ထိုစဉ်အသံတစ်ခု -

"ချာတိတ်ဘာတွေ‌ငေးနေတာလဲ မင်းကတို့နောက်ကလိုက်ရမှာနော်"

"နောက်တစ်ခါတို့နောက်က ၃ပေအကွာမှာမင်းရှိနေပါစေ မဟုတ်ရင်အလုပ်ဖြုတ်မှာ‌"ဟု ပြောလိုက်ရာမိန်းမငယ်လေးက စပ်ဖြီးဖြီးအမူအရာလေးနှင့် -

"ဟုတ်ကဲ့ အန်တီ "ဟုဆိုကာသူမလိုက်လာလေသည်။siteကိစ္စများအပြီးအိမ်သို့အပြန်လမ်း ကားပေါ်တွင် -

"ဟိတ်ချာတိတ် မင်းနာမည်ကစိမ်းဝါဖူးနော် "

"ဟုတ်ကဲ့"

Guardian of the queen(Completed)Where stories live. Discover now