Episode - 11(Unicode)

3.4K 248 4
                                    

Episode - 11💫
စိမ်းလည်းရက်အတန်ကြာမျက်နှာပူနေသည်ကတစ်ကြောင်း အန်တီမျက်လုံးအကြည့်များကိုရင်မဆိုင်နိုင်သည်ကတစ်ဖုံ။ရုံးသွားလည်းစိမ်းမှာအန်တီဘေးမှာသာထိုင်နေသည်။မျက်နှာကိုအခြားဘက်လှည့်ထားတတ်သည်။ထိုအပြုအမူများကိုသူမကလည်းအကင်းပါးသူပီပီ တစတစရိပ်မိလာတော့သည်။သို့သော် ထုတ်ဖော်မပြောခဲ့။ဪ....ဒီအမျိုးသမီးနှစ်ယောက်အစားရင်မောမိသည်။ချစ်တာလည်းဖွင့်မပြော ထားလိုက်‌ပါတော့။

လစာထုတ်သည့်ရက်ရောက်လာသည်။စိမ်းလည်းမသူဇာဆီမှလစာအိတ်လေးယူပြီး ရုံးနားမှ Platinum castle စိန်ရွှေရတနာဆိုင်သို့၀င်ခဲ့သည်။ထို့နောက် စိမ်းသည် M အက္ခရာလေးပေါ်တွင် မြှားလေးစိုက်နေသည့်ဟန်ပြုလုပ်ထားသည့်ရင်ထိုးလေးကို၀ယ်လာခဲ့ပြီး ရုံးပေါ်သို့ပြန်တက်လာခဲ့သည်။ထို့နောက်သူမကျောပိုးအိတ်လေးထဲအသာထည့်ပြီးထားလိုက်သည်။
ရုံးဆင်းချိန်ရောက်၍ အန်တီနှင့်အတူအိမ်ပြန်ကြပြီး စိမ်းသည်ရေမိုးချိုးပြီး သူမအခန်းဘက်သို့ချောင်းကြည့်နေသည်။ထို့နောက်သူမအောက်ထပ်ဆင်းသွားသည်ကိုမြင်၍ သူမအခန်းထဲသို့၀င်ပြီးအသင့်ယူလာသော ရင်ထိုးဘူးလေးနှင့်စာအိတ်လေးကို ကုတင်ပေါ်မှခေါင်းအုံးလေးပေါ်တွင်တင်ထားခဲ့သည်။ထို့နောက်အလျင်အမြန်အခန်းထဲသို့၀င် အခန်းတံခါးကိုမှီထားရင်းခုန်နေသောရင်ဘတ်ကိုဖိထားရသည်။အဆင်မှပြေပါ့မလားလို့လည်းစိုးရိမ်ခဲ့သည်။သူမသည်အခန်းထဲသို့ပြန်၀င်လာစဉ် စိမ်းထားခဲ့သည့် ရင်ထိုးဘူးလေးနှင့်စာအိတ်လေးကိုတွေ့လေသည်။ဘူးလေးကိုဖွင့်ကြည့်လိုက်ရာ တလက်လက်နှင့်လှပနေသည့် Mအက္ခရာကိုမြှားလေးစိုက်နေသည့်ပလက်တီနမ်ရင်ထိုးလေးကိုတွေ့သည်။ထို့နောက် စာအိတ်လေးကိုဖွင့်ဖတ်ကြည့်ရာ -

လူကိုယ်တိုင်မပြောရဲလို့စာနဲ့ပဲရေးလိုက်တယ်နော်အန်တီမြတ်။ဒီနေ့လစာထုတ်တယ်လေ။စိမ်းရဲ့ပထမဆုံးလစာလေးကို အန်တီမြတ်ကိုကန်တော့ချင်တယ်။အန်တီမြတ်ကစိမ်းရဲ့ကျေးဇူးရှင်လည်းဟုတ်တယ် စိမ်းတန်ဖိုးထားရတဲ့သူလည်းဟုတ်တယ်။စိမ်းလေကိုယ်တိုင်ကိုယ်ကျကန်တော့ချင်ပေမယ့် စိမ်းအပြစ်နဲ့စိမ်းမို့အန်တီမြတ်ကိုရှောင်နေခဲ့ရတယ်။စိမ်းလည်းမရှောင်ချင်ပေမယ့် အန်တီမြတ်ကိုတွေ့တိုင်းရင်မဆိုင်ရဲခဲ့ဘူး။စိမ်းကိုသတ္တိမရှိဘူးပြောရင်လည်းပြောပါအန်တီမြတ်။ဒါပေမယ့်စိမ်းလေ အန်တီမြတ်ကစိမ်းစိမ်းကားကားကြီးကြည့်မှာတွေ ရက်ရက်စက်စက်များပြောပစ်လိုက်မလားလို့တွေးရင်း အန်တီမြတ်ကိုရှောင်မိတာ စိမ်းကိုခွင့်လွှတ်ပါ။

Guardian of the queen(Completed)Donde viven las historias. Descúbrelo ahora