Episode - 6(Unicode)

3.5K 272 0
                                    

Episode - 6💫
အပေါ်ထပ်ဘုရားခန်းမှာစိမ်းနှင့်မြတ်တို့၏အခန်းနှင့်မျက်စောင်းထိုးလေး၌ပင်ဖြစ်သည်။အပြာနုရောင်ထမီလေးနှင့်ဇာပန်းပေါက်အဖြူရောင်ရင်ဖုံးလက်တိုလေးကို၀တ်ဆင်ကာ ယောဂီသဘက်လေးကိုပုခုံးလေးပေါ်တင်ကာ ပရိတ်ကြီး၁၁သုတ် ပဌာန်းပါဠိတော်တို့ကိုအသံနေအသံထားဖြင့်ရွတ်ဖတ်နေသည့်အန်တီမြတ်၏ ပုံရိပ်လေးမှာအေးချမ်းလှသည်။စိမ်းတစ်ယောက်မိမိအခန်းတံခါးကို‌ ကျောမှီ၍ကြည့်ကောင်းကောင်းနှင့်ကြည့်နေလိုက်ခြင်းမှာ သူမဘုရားကန်တော့ပြီးသွားသည်ကိုမသိလိုက်ပဲငေးမြဲငေးနေကာ -

" စိမ်း မအိပ်ပဲ ဒီမှာဘာထိုင်လုပ်နေတာလဲ"

"ဟွာလေ ဪ ဟို အောက်ထပ်ကိုသွားပြီး ရေသောက်မလို့ "

"အင်း သွားလိုက်ဦးမယ်နော် "
ဟူ၍ ရှက်ကိုးရှက်ကန်းနှင့်ပူထူပြီးထသွားရာ ၀ရန်တာဘက်ဆီသို့ပင်။ထိုအခါသူမက -

"စိမ်း ၀ရန်တာမှာ ရေခဲသေတ္တာမရှိဘူးနော် ရေခဲသေတ္တာကအောက်ထပ်မှာ"
ဟုခပ်ပြုံးပြုံးလေးနှင့်စလိုက်ရာ -

"အာ ဟုတ်ပါရဲ့ "
ဟုစိမ်းကစပ်ဖြီးဖြီးအမူအရာလေးဖြင့် အောက်ထပ်သို့ပြေးဆင်းသွားလေတော့သည်။

စိမ်းလည်းရေခဲသေတ္တာထဲမှရေယူသောက်ရင်း အနီးရှိထမင်းစားသည့်ဆုံလည်စားပွဲပေါ်ရေဘူးတင်ကာ သူလုပ်ခဲ့သည့်အူကြောင်ကြောင်အမူအရာများကိုတွေးနေမိသည်။ ထိုသို့အန်တီမြတ်ကိုငမ်းမိသည်က ထူးခြားသည်တော့မဟုတ်။ဘာကြောင့်လည်းဆိုမိမိသည် Lesbianတစ်ယောက်အဖြစ်ရပ်တည်နေသည်မှာကြာပြီဖြစ်သော်လည်းထိုအကြောင်းကိုလူနည်းစုမှလွဲ၍မည်သူမျှမသိကြ။ထိုအကြောင်းကိုသိသူမှာ ချမ်းငြိမ်းအောင် ခေါ် ချမ်းချမ်း။ချမ်းချမ်းသည် Gayတစ်ယောက်ဖြစ်ပြီး ထိုဖြစ်တည်မှုကိုမိဘများကလက်မခံနိုင်၍ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်၍ make-up artistတစ်ဦးဖြစ်ရန်ကြိုးစားနေသူ။နောက်တစ်ယောက်မှာ မိမိတိုး ခေါ် ကိုတိုး ကိုတိုးသည် Tomboyဖြစ်ပြီး ချမ်းချမ်းနည်းတူ ကိုယ့်ခြေထောက်ပေါ်ရပ်နိုင်ရန်ကြိုးစားနေသူ။ထိုစဉ်စိမ်းသည်ဆိုးတူကောင်းဖက်သူငယ်ချင်းနှစ်ယောက်ကိုသတိရလာပြီး လစာထုတ်မှဖုန်းအသစ်၀ယ်ပြီးဆက်သွယ်ရန်သတိရတော့သည်။

Guardian of the queen(Completed)Where stories live. Discover now