Episode - 16(Unicode)

3.3K 210 0
                                    

Episode - 16💫
တစ်နေ့၌သူမကရုံးသွားရာလမ်းတွင်စိမ်းအား -

"စိမ်း "

"ဟုတ်ကဲ့ အန်တီမြတ်"

"အန်တီမြတ်တို့ဟိုလူသတ်သမားကိစ္စကို ရဲကိုအကြောင်းမှဖြစ်တော့မယ်"

"စိမ်းအသက်အန္တရာယ်နဲ့ရင်ဆိုင်ရတာနှစ်ခါရှိနေပြီ"

"စိမ်းအန်တီမြတ်ကိုကာကွယ်တာအရေးမကြီးဘူး စိမ်းမြေစာပင်ဖြစ်မှာပဲအန်တီမြတ်ကြောက်တယ်"

"ဒီတော့အန်တီမြတ်ခုရဲစခန်းကိုသွားပြီးအမှုဖွင့်မယ်"

"စိမ်းသဘောတူတယ်မလား"

"အန်တီမြတ်ကစိမ်းအတွက်ကောင်းမယ်ထင်လို့လုပ်တာပဲစိမ်းငြင်းစရာမရှိပါဘူး"

" driver ရဲစခန်းကိုမောင်းပါ"

"ဟုတ်ကဲ့မမမြတ်"

ရဲစခန်းသို့ရောက်ရာစိမ်းလည်းသူမနှင့်အတူလိုက်သွားရာ သူမက ဖြစ်ပျက်ကြုံတွေ့ရသည်များကိုပြောပြကာအမည်မသိလူသတ်သမားကိုအမြန်ဆုံးဖမ်းဆီးပေးရန်နှင့်မိမိတို့ကိုစောင့်ရှောက်ပေးရန်စခန်းမှုးအားပြောပြရာ စခန်းမှုးကလည်းစုံစမ်းစစ်ဆေးပြီးတရားခံကိုအမြန်ဆုံးလက်ရဖမ်းဆီးသွားမည်ဖြစ်ကြောင်းပြန်ဖြေလေသည်။

ရဲစခန်းမှပြန်လာပြီးရုံးသို့တန်းသွားရာ ခါတိုင်းလိုပင်စိမ်းလည်းမသူဇာတို့စားပွဲနားကိုထိုင်ရင်းလူသတ်သမားကိစ္စကိုစိတ်ရောက်နေသည်။ထိုအခါမသူဇာက -

"စိမ်း ငိုင်လှချည်လား ဘာဖြစ်တာလဲ"

"ဘာမှမဟုတ်ပါဘူး စိမ်းတွေးစရာလေးတွေရှိလို့ပါ"

"ဒါနဲ့လေမသူဇာ စိမ်းဒီကိုမရောက်ခင်က အန်တီမြတ်နဲ့စကားများတဲ့လူတို့ အကြီးအကျယ်ပြဿနာတက်တဲ့သူမျိုးရှိဖူးလား"

"အင်း မမကအပြိုင်အဆိုင်တွေများလွန်းတော့စဉ်းစားရခက်နေတယ်စိမ်းရေ"

"အင်း.........အာ မသူဇာသတိရပြီ"

"အင်းပြောပါဦး"

"ကိုကျော်သူစိုးဆိုတဲ့လူတစ်ယောက်ရှိတယ် သူကအရင်ကဒီcompanyမှာရှယ်ယာအများဆုံး မမကဒုတိယအများဆုံး အဲ့မှာသူက companyပိုင်ငွေတွေအလွဲသုံးစားလုပ်တော့မမက ဒါရိုက်တာအစည်းအဝေးခေါ်ပြီးသူ့ကိုရာထူးကနေဖြုတ်ချပြီးတရားဆွဲတာ ရှယ်ယာရှင်တွေကလည်းသူ့ကိုဖြုတ်ပြီးမမကိုMDနေရာပေးကြတယ်လေ မမလည်းအများဆန္ဒအရသာလုပ်လိုက်တာ သူကအဓိကကကိုကျော်သူစိုးကိုပဲအကျင့်ပျက်လို့ထုတ်ပစ်ချင်တာပဲရှိတာ"

Guardian of the queen(Completed)Dove le storie prendono vita. Scoprilo ora