Episode - 7(Unicode)

3.6K 251 0
                                    

Episode - 7💫
စိမ်းလည်းသူမအတွင်းရေးမှုးမလေးနှင့်အတူMeeting roomသို့ရောက်သောအခါစိမ်းက အတွင်းရေးမှုးမလေးနှင့်အတူအခန်းထောင့်နားမှခုံအလွတ်တစ်ခုတွင်၀င်ထိုင်လိုက်ပြီး သူမကဂငယ်ပုံစံထားထားသည့်ထိုင်ခုံများအနက်ထိပ်ဆုံးခုံတွင်၀င်ထိုင်လိုက်သည်။ထို့နောက်အစည်းအဝေးကိုစတင်သည်။ပထမဆုံးဦးသီဟတင်ကစကားပြောရန်ထလိုက်သည်။

"ကျွန်တော်ဒါရိုက်တာများကိုအစည်းအဝေးခေါ်ရခြင်းအကြောင်းကတော့ ကျွန်တော်တို့companyနဲ့နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကိုပေါင်းစပ်ပြီး လူနေအိမ်ရာအသစ်တွေတိုးချဲ့ပြီးနိုင်ငံတကာအဆင့်မှီအိမ်ရာများဖြစ်အောင်ဆောင်ရွက်ကြဖို့ပါပဲ"

"ကျွန်တော်တို့ကမြေနေရာပိုင်းရယ် technicပိုင်းရယ်ကိုတာ၀န်ယူတည်ဆောက်ပေးရမှာပါဒီအစည်းအဝေးကသဘောတူညီမယ်ဆိုရင်ကျွန်တော်ချက်ချင်းနိုင်ငံခြားကရင်းနှီးမြှုပ်နှံသူတွေကို ဟောဒီကဒေါ်မြတ်မြတ်မေနဲ့တွေ့ဆုံဆွေးနွေးစေမှာပါ ဒေါ်မြတ်မြတ်မေသဘောကရော"
ဟုဦးသီဟတင်ကမေးလိုက်သည်။ဦးသီဟတင်သည်အခွင့်အရေးသမားဖြစ်သည့်အလျောက်သူ့အတွက်ဘာမှမကျန်လျှင်ဘာမှမလုပ်တတ်သူဖြစ်ရာ ယခုအခါတွင်လည်းသူ့အတွက်အကျိုးအမြတ်ရှိနေပုံရသည်။ထိုအချက်ကိုသိရှိထားပြီးသောသူမက -

"ကျွန်မတို့အခုလက်ရှိနိုင်ငံခြားရှယ်ယာရှင်တွေလည်းရှိပါတယ် အဆင်ပြေနေကြတာပဲလေ ဦးသီဟတင်အနေနဲ့ဘာကြောင့်ထပ်ပြီးတခြားရင်းနှီးမြှုပ်နှံမှုကိုခေါ်ယူဖို့စိတ်ကူးရပါသလဲ တစ်ချက်လောက်ရှင်းပြပေးပါ ရှင်းလင်းချက်ကိုကျွန်မသဘောကျတယ်ဆို ဒီplanကိုဆက်လက်ဆောင်ရွက်ပါ့မယ်"
ဟူ၍စကားကို တစ်ချက်ထောက်လိုက်ရာဦးသီဟတင်မှာအကြပ်ရိုက်သွားသည့်ဟန်ဖြင့် -

" ရှင်းလင်းစရာတော့ကျွန်တော့်မှာမရှိပါဘူး companyတိုးတက်စေချင်ရုံသက်သက်ပါ"
ဟူ၍ပြောကာအောင့်သက်သက်မျက်နှာထားနှင့်နေရာ၌ပြန်ထိုင်လိုက်သည်။ထိုအခါသူမက -

" ဒါဆို အစည်းအဝေးကဒီမှာပဲပြီးဆုံးပါပြီ ကျန်တဲ့လူကြီးမင်းများဘာများပြောစရာရှိပါသေးသလဲ"

Guardian of the queen(Completed)Where stories live. Discover now