Episode - 18(Unicode)

3.1K 206 0
                                    

Episode - 18💫
သူမနှင့်အတူရဲစခန်းသို့သွားကာ မိမိတို့တွေ့ကြုံဖြစ်ပျက်ခဲ့သည်များကိုတရားခံရှာဖွေရာတွင်အထောက်အကူပြုစေရန်အလို့ဌာပြောပြရာ စခန်းမှုးကြီးကသေချာစွာလိုက်လံမှတ်သားပြီး တရားခံကိုအမြန်ဆုံးဖမ်းဆီးပေးမည်ဖြစ်ကြောင်းပြောကြားသည်။

ရဲစခန်းမှပြန်၍လာရာ ကားပေါ်တွင် -

"စိမ်း အန်တီမြတ် မဟာမြတ်မုနိကိုသွားချင်တယ်"

"ခု‌တလောကံဇာတာတွေညံ့နေသလိုခံစားနေရတယ်"

"ဘုရားမှာကုသိုလ်လုပ်ပြီး အညံ့တွေကိုပျောက်အောင်လုပ်ချင်တယ်စိမ်းလိုက်ခဲ့နော်"

"အန်တီမြတ်သွားချင်တယ်ဆိုစိမ်းကလိုက်ပြီးသားပဲ"

" driver မဟာမြတ်မုနိကိုမောင်းပါ"

"ဟုတ်ကဲ့မမြတ်"

မဟာမြတ်မုနိသို့ရောက်လျှင်စိမ်းရောသူမပါ မိမိဂြိုလ်တိုင်ဘုရားများတွင် သက်စေ့ရေသပ္ပာယ်ခြင်း၊ဆီမီးကပ်လှုခြင်း၊ဘုရားတွင်ငှက်ကလေးများကိုဘေးမဲ့လွှတ်ခြင်းစသည့်ကောင်းမှုကုသိုလ်များကိုပြုလုပ်ခဲ့ကြသည်။
ထို့နောက်ပြန်ရန်ကားဆီသို့လမ်းလျှောက်ပြန်လာစဉ် တန်ဆောင်းအတွင်းဗေဒင်အကြားအမြင်ဆရာကိုတွေ့ရာ သူမက -

"စိမ်း မြတ် ဗေဒင်မေးချင်တယ်"

"ဟာ အန်တီမြတ်ကလည်း စိမ်းဒါတွေအယုံအကြည်မရှိဘူး"

"စိမ်းမယုံလည်းအန်တီမြတ်ရင်တွေပူနေတာတွေသက်သာအောင် သွားမေးချင်တယ် လိုက်ခဲ့ပေးပါကလေးရယ်"

"ဟွန်း အန်တီမြတ်ကိုချစ်လို့လိုက်လျောတာနော်စိမ်းက လာ သွားမယ်"

ဟုဆိုကာသူမလက်လေးကိုဆွဲကာထိုဗေဒင်ဆရာဆီသွားရာ နှစ်ယောက်လုံးထိုင်မည်အပြုတွင် -

"မယုံကြည်သူတစ်ဦးနဲ့ယုံကြည်သူတစ်ဦးဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတာပဲ"

ဟုဆီးကြိုပြောလိုက်ရာ သူမရောစိမ်းပါအံ့ဩသွားရသည်။ထို့နောက်ဗေဒင်ဆရာက -

"ကဲ ကျုပ်ကိုဘာမေးချင်လဲ ကျုပ်ဘာဖြေပေးရမလဲ"

"ကျွန်မဘေးကကလေးမအတွက်မေးချင်တာပါဆရာ သူ့ရဲ့ရှေ့ဖြစ်လေးကိုတချက်ကြည့်ပေးပါလားဆရာ"

Guardian of the queen(Completed)Where stories live. Discover now