Episode - 1(Unicode)

12.3K 399 5
                                    

Episode - 1💫
ကြက်ပျံမကျသွားလာနေသောယာဉ်ကြီးယာဉ်ငယ်များ၊အလုပ်သွားရန်မီးပွိုင့်တစ်ခုနှင့်တစ်ခုကိုရပ်လိုက်သွားလိုက်လုပ်နေကြသောလူအုပ်ကြီးများ၊ပြအိုးပစ္စင်ကျုံးတို့နှင့်အတူ နေရောင်ကြောင့်ရွှေရောင်ဟပ်နေသောရှေးမင်းဆက်တို့စိုးစံခဲ့ရာ နန်းဆောင်ကြီးနန်းဆောင်ငယ်များ၊တစ်မြို့လုံးကိုအုပ်မိုးနေဟန်ရှိသည့်မန္တလေးတောင်ကြီး၊တစ်မျှော်တစ်ခေါ်လှည့်ပတ်ရင်း ဘေးဘီကိုကြည့်လျှင်လွတ်လပ်ပေါ့ပါးမှုနှင့်သာယာလှပမှုကိုပေးစွမ်းနိုင်သော မင်္ဂလာကန်တော်ကြီး၊ခေတ်မှီဈေး၀ယ်စင်တာကြီးများ၊ဈေးချိုနာရီစင်ကြီးစသည်ဖြင့် နှစ်လိုဖွယ်အတိတို့ဖြင့်ပြည့်လျှမ်းနေသော တစ်ချိန်ကမင်းနေပြည်တော်ဟုခေါ်ခဲ့သော မန္တလေးမြို့ကြီး..........။အရာရာသည်ထိုမြို့လေး၌ပင်အစပြုခဲ့သည်။မည်သည့်လူမျိုးပဲဖြစ်ဖြစ် ရင်၀ယ်ပိုက်ထွေး၍ မည်ကဲ့သို့သောလျို့ဝှက်ချက်မျိုးပင်ဖြစ်‌စေတိတ်ဆိတ်စွာသိမ်းဆည်းထားပေးမည့်ရွှေမန်း။ရွှေမန်းသည် ပွဲကြည့်ပရိသတ်ဆိုလျှင်........
ထိုသူတို့ကဇာတ်လမ်းတစ်ပုဒ်ဖြစ်ပေလိမ့်မည်။

"ဟာ ဒီအရောင်ကိုယူခိုင်းသလားနင့်ကို ဒီအရောင်ကိုမကြိုက်ဖူးလို့ ဘယ်နှစ်ခါပြောရမလဲ သွား ဒီဖိနပ်ကိုအမှိုက်ထဲသာသွားပစ်လိုက်တော့"

"နင့်ကိုလည်းအလုပ်ဖြုတ်တယ်ငါ့ဆီမှာအလုပ်လုပ်စရာမလိုတော့ဘူး"

" သုံးလစာယူပြီး ငါ့ရှေ့ကခုချက်ချင်းသွားတော့"

ဟူ၍မောက်မာသောလေသံနှင့်အမျိုးသမီးတစ်ဦး၏အသံတို့သည်တစ်အိမ်လုံးပြန့်နှံ့နေပေသည်။ထိုအသံသည် အလွန်တရာခမ်းနားတင့်တယ်လှပြီး အိမ်ဖြူတော်နှင့်ပင်ခပ်ဆင်ဆင်တူနေသည့်အိမ်ကြီး၏သခင် ဒေါ်မြတ်မြတ်‌မေ၏အသံဖြစ်သည်။သူမသည်ငယ်စဉ်ကရွှေဇွန်းကိုက်၍မွေးလာသည့်လူတန်းစားမျိုးဖြစ်သည်။မိဘမျိုးရိုးစဉ်ဆက်ချမ်းသာပြီး ချမ်းသာသလောက်မောက်မာသည်။အရာရာကိုငွေနှင့်ဖြေရှင်းတတ်ပြီး ပတ်၀န်းကျင်ကိုအရေးမစိုက်တတ်သောလူမျိုးဖြစ်သည်။သူမသည်ထိုအိမ်ကြီး၌ဦး‌‌လေးနှင့်နှစ်ဦးတည်းသာနေထိုင်ပြီးစီးပွားရေးလောကတွင်နာမည်တစ်လုံးဖြင့်အောင်မြင်ကာထက်မြတ်ရုံမျှမက မြန်မာနိုင်ငံ၏Top 10စာရင်း၀င်လူချမ်းသာအမျိုးသမီးတစ်ဦးလည်းဖြစ်သည်။လင်္ကာဒီပ Construction company၏ Directorဖြစ်ပြီး ဟိုတယ်လုပ်ငန်းများကိုလည်းတွဲဖက်လုပ်ကိုင်သူဖြစ်သည်။စီးပွားရေးတွင်ထက်မြတ်၍မနာလိုသူများကလည်းများလှသည်။သို့သော်သူမကထိုသူတို့ကိုအရေးမလုပ်။

Guardian of the queen(Completed)Where stories live. Discover now