01

14.7K 637 8
                                    

[Unicode]

အိပ်မပျော်တဲ့ ဝေဒနာကို ခံစားနေရတာ နှစ်လရှိနေပါပြီ။

အစားအသောက်ပျက်၊ မူးနောက်၊ ရင်ထဲတလှပ်လှပ်ဖြစ်ပြီး မျက်နှာလည်း ချောင်ကျသွားရတယ်။ ပြင်ပန်းသွင်ပြင်က ပိန်ချည်ချည့်နဲ့ ညိုးနွမ်းခြောက်သွေ့နေရောပေါ့။

ဒီလိုဖြစ်နေတဲ့ပုံစံကို ချီရှူးကို မရိပ်မိစေချင်ဘူး။ ဒါကြောင့် ဒီရက်ပိုင်း သူ့ကို အမြဲ မီးပိတ်ပေးဖို့ ပြောရတယ်။

ဒါပေမဲ့လည်း သူ မနေ့ညကတော့ ကျွန်တော့ခါးကို ဖက်ပြီး မေးတယ်။

'ဘာလို့ ဒီလောက် ပိန်နေရတာလဲ' တဲ့။

မဆိုးပါဘူး... သူက ကျွန်တော် ပိန်နေတာကို သတိထားမိသေးတယ်ပေါ့။

အနည်းဆုံးတော့ သူ ငါ့ကို ဂရုစိုက်သေးတာပဲ ဆိုပြီး ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်ရပြန်တယ်။

ဒါပေမဲ့လည်း ဒီအကြောင်းဒီမျှသာ။ ဒီစကားပြောပြီးတာနဲ့ သူ ခေါင်းနှစ်ပြီး ဝင်ဆောင့်တော့တာပါပဲ။


သာလွန်အယ်လ်ဖာတယောက်ရဲ့ ရုပ်ပိုင်းဆိုင်ရာစွမ်းရည်က တကယ့်ကို အလွန်အမင်းပဲပေါ့။ ကျွန်တော်က သဘာဝအတိုင်း မွေးဖွားလာတဲ့ အိုမီဂါ မဟုတ်ပါဘူး။ ဒါကြောင့် ကျွန်တော်တို့ အတူနေကြတဲ့အချိန်မှာ နာကျင်ရပါတယ်။

ဒါပြီးရင်တော့ သူ အိပ်မောကျသွားတတ်တယ်။ အဲဒီအခါကျ ကိုယ့်ကိုယ်ကိုယ် သန့်ရှင်းရေး လုပ်ဖို့အတွက် ရေချိုးခန်းထဲ သွားပြီး ပြန်အထွက်မှာ ချော်လဲပြီး သတိလစ်သွားတတ်တယ်။

ဒီလို အကြောင်းရင်းမရှိ မူးလဲတဲ့အကြိမ်ပေါင်းအရေအတွက် များလာခဲ့တယ်။ ဒါကလည်း ၂နာရီ၊ ၃နာရီလောက် ကြာရင် ပြန်သတိရလာမယ်ဆိုတာ ပုံသေလို ဖြစ်နေပြီ။

သတိမလစ်ခင်မှာ ဆရာဝန်ဆီသွားပြရမယ်လို့တော့ တွေးမိပါတယ်။

ဒါပေမဲ့ ကျွန်တော်က ဆေးရုံဆို မုန်းတယ်လေ။

လွန်ခဲ့တဲ့ နှစ်ဝက်လောက်က ခွဲစိတ်မှုလုပ်ခဲ့ဖူးတဲ့ ဂလင်းအစားထိုးတဲ့ ခွဲစိတ်မှုက ခွဲစိတ်ပြီး ရက်ပိုင်းလောက် ကြာတဲ့အထိ နာကျင်မှုကို ခံစားနေခဲ့ရတယ်။ ခန္ဓာကိုယ်ထဲက ဆဲလ်တခုစီတိုင်းက ပွက်ပွက်ဆူပြီး တကိုယ်လုံးကို အစိတ်စိတ်အမြွာမြွှာ ဆုတ်ဖြဲမတတ် နာကျင်မှုကို ခံစားနေခဲ့ရတယ်။

နွမ်းလျရွက်ဝါDove le storie prendono vita. Scoprilo ora