Chapter 20(Unicode+Zawgyi)

En başından başla
                                    

ဒါပေမဲ့မောင်ကသူစိတ်ဆိုးလာရင်ခကိုဆူချင်သာဆူမယ်...လက်တော့မပါခဲ့ပါဘူး...

ဘာလို့ဆိုဒုတိယအကြိမ်မောင်ခပါးကိုချလိုက်တဲ့အချိန်တည်းကခမောင့်ကိုစကားမပြောတော့ဘဲအကြာကြီးစိတ်ကောက်နေခဲ့လို့ဘဲ..

အဲ့တုန်းကမောင်ခကိုလာချော့တယ်..စကားတွေအများကြီးလည်းလာပြောတယ်..နောက်ဆုံးခရယ်မောင့်ကိုခွင့်လွှတ်ပါဆိုပြီးအိမ်ရှေ့မှာဒူးထောက်ခဲ့ပြန်တယ်..မိုးရေထဲအကြာကြီးဒူးထောက်နေမိတဲ့မောင်ဟာနောက်နေ့ဆေးရုံရောက်ကာအကြီးအကျယ်ဖျားသည်အထိကိုဖြစ်ခဲ့တယ်...ဒါပေမဲ့ခမောင့်ကိုပြစ်ထားခဲ့တယ်...ဒါပေမဲ့မောင်လိုတာကိုတော့လုပ်ပေးဆဲ....

နောက်ဆုံးခနဲ့မောင်ဘယ်လိုပြေလည်သွားလဲသိလား....??

မောင်ကခအခုလိုဖြစ်ရတာသူကြောင့်ဆိုပြီးခပါးကိုရိုက်ခဲ့တဲ့မောင့်လက်ကိုမောင်ကဖြတ်ပစ်မယ်တဲ့...အဲ့ညကမီးဖိုချောင်ထဲကဓားကြီးကိုင်ပြီးပတ်ရမ်းနေတော့ခမှာမောင့်ကိုအတော်လေးတရားချလိုက်ရတယ်..

မောင့်ကိုခွင့်လွှတ်ပါတယ်..ဘာညာပေါ့...

မောင်ကမေးတယ်...သူ့ကိုချစ်လားတဲ့..??

အရင်တုန်းကသာအဲ့လိုမေးရင်ခလေ ချစ်တယ်ဆိုတာကိုဆယ်ကြိမ်မကအော်ဖြေမိမှာ..

အခုတော့မောင်တစ်ခွန်းမေးတိုင်းမောင့်ကိုချစ်ပါတယ်လို့တစ်ခါဖြေဖို့တွန့်ဆုတ်နေမိတယ်...

ခမောင့်ကိုချစ်ရမှာကြောက်တယ်....

အရင်လိုပုံစံမဟုတ်တော့ဘဲအခုတလောသိသိသာသာကိုပြောင်းလဲလာတဲ့မောင့်ကိုကြောက်တယ်...

မောင့်အကြောင်းကိုတွေးနေရင်းနဲ့ခခါးနာမှာရစ်တွယ်လာတဲ့လက်တစ်စုံ....

ပြတင်းပေါက်ပေါတင်ထားတဲ့ခလက်တွေ ပြတင်းပေါက်ဘောင်ကိုတင်းကြပ်စွာစုပ်ကိုင်ထားမိသည်အထိ.....

ပြေးကြည့်စရာမလိုတွေးကြည့်ယုံနဲ့တင်ခသိပါတယ်..ခခါးကိုဖက်တွယ်လာတာမောင့်လက်တွေဆိုတာ....

မောင်ရယ်..မောင့်အထိအတွေ့လေးတွေကိုအခုထိခရင်ခုန်မိနေတုန်း.....

Slaves of Love (အချစ်ရဲ့ကျေးကျွန်များ)Hikayelerin yaşadığı yer. Şimdi keşfedin