Chapter17(Unicode+Zawgyi)

Comincia dall'inizio
                                    

လောကဓံကပေးတဲ့နာကြင်မှုတွေ‌ကြောင့် ကျွန်တော့်မှာအခုတောင်အသက်ကိုရဲရဲမရှူရဲတော့ဘူး...

ကျွန်တော်ဟာလည်းအသွေးနဲ့အသားနဲ့တည်ဆောက်ထားတဲ့လူသားတစ်ဦးပါဗျ...နာကြင်ရမှာလည်းကြောက်တယ်..ဒါကိုဘုရားသခင်များမေ့လျော့နေတာများလားနော်........

တပေါက်ပေါက်နဲ့ကျဆင်းလာတဲ့မျက်ရည်စက်တွေကို ခ မသုတ်မိပါ...

ဘာလို့ဆိုအခုချိန်မှာခအတွက်ဒီမျက်ရည်စက်တွေကအကောင်းဆုံးသောအဖော်တွေလေ......

လမ်းမထက်ဝယ် တကိုယ်တည်းဦးတည်ရာမဲ့လမ်းလျှောက်နေချိန်မှာဘဲ ရုတ်တရက် အုံးမှိုင်းလာတဲ့မိုးတိမ်တွေ..မကြာပါကျွန်တော့်အပေါတစက်ချင်းစီကျလာတဲ့မိုးရေစက်တွေ.......

တဖြည်းဖြည်းနဲ့မိုးကသဲသထက်သဲလာလေသည်.....

မိုးအရမ်းရွာလာတော့ထီးဖွင့်စောင့်ဖို့ထီးရှာမိပေမဲ့ထီးကတော့ပါမလာခဲ့ပါ...

တကယ်ပါ..သူအဲ့ကထွက်လာတုန်းက သူ့ရဲ့ဖုန်း..ပိုက်ဆံအိတ်လည်းသူယူလာဖို့သတိမရခဲ့ပါ.....ထီးဆိုတာကတော့....ဟင်း...

'အော်..ငါ့ဘဝကြီးကလည်း..ဟား..ဟား...ရယ်စရာကောင်းလိုက်တာနော်..ဒါကြောင့်ပြောတာထင်တယ်...ကံဆိုးမသွားရာမိုးလိုက်လို့ရွာတဲ့..ဟက်.....ဟား..ဟား....မောင်ရေ...ခကတကယ် unluckyဘဲသိလား..အဟက်...မောင့်‌ကြောင့်အသဲကွဲနေရလို့ စိတ်အလိုအရ တစ်ယောက်တည်းထွက်လာခဲ့ကာမှ အခုလည်းရာသီဥတုကငါ့ဘက်မှာတောင်မရှိဘူး....ငါ့ကိုအားပေးဖေးပေးမဲ့လူတစ်ယောက်ရှိဖို့နေနေသာသာလောကကြီးကပါငါ့ကိုမျက်ကွယ်ပြုနေပြီ...ဟား..ဟား..မိုးရေထဲမှာငါကအခုကြွက်စုတ်တစ်ယောက်လိုတောင်ဖြစ်နေပြီ....ကြွက်စုတ်ကတောင်ငါ့ထက်တန်ဖိုးရှိချင်ရှိဦးမှာသိလားမောင်..အီး..ဟီး...'

ရွာနေတဲ့မိုးရေစက်တွေနဲ့အတူ ကျွန်တော့်မျက်နှာမှာလည်း မျက်ရည်စက်တွေဖြိုင်ဖြိုင်ကျနေခဲ့ပါသည်..

'မောင့်ကိုချစ်ရတာကလည်းပင်ပန်းလိုက်တာ...

လူတစ်ယောက်ကိုချစ်ရတာအဲ့လောက်စိတ်ပင်ပန်းရမှန်းခသိခဲ့ရင် ခမောင့်ကိုချစ်ခဲ့မိမှာတောင်မဟုတ်ဘူး....

Slaves of Love (အချစ်ရဲ့ကျေးကျွန်များ)Dove le storie prendono vita. Scoprilo ora