Thankyou All

2.5K 214 18
                                    

Hello

ကိုယ်ဘာမှမပြောခင် Omegaverse ဖြစ်ပါသော Luxurious Link ဆိုသည့် Taekook Fanfictionလေးကိုအဆုံးထိဖတ်ရှုခဲ့ကြတဲ့ အက္ခရာရဲ့လဝန်းငယ်လေးအပေါင်းတို့ကို ကျေးဇူးတင်ပါတယ်။ အခက်အခဲတွေများထဲကနေ အခုလိုအချိန်တိုအတွင်း ပြီးဆုံးအောင်ရေးနိုင်ခဲ့ပါတယ်။ ဒါတွေကလည်း ongoingလိုက်ပေးခဲ့ကြတဲ့ ကလေးတွေရဲ့အင်အားကြောင့်ပါပဲ။

နာမည်ပေါင်းစုံနှင့်ထည့်ပေးခဲ့ကြတဲ့ Reading Listလေးတွေ ၊ By Name Reading Listလေးတွေ ၊ Vote ၊ Feedback အားလုံးပေးခဲ့ကြတဲ့သူလေးတွေအားလုံးကို အက္ခရာကျေးဇူးတင်ပါတယ်။

အခုတော့ fictionလေးအကြောင်းပြောပြပါ့မယ်။ စာဖတ်သူလေးတွေမိခဲ့လားမသိပေမဲ့ ဒီLLလေးမှာ စာရေးသူပေးချင်တဲ့messageလေးတွေရှိခဲ့ပါတယ်။

မည်သည့်အရာမဆို မကောင်းတာလုပ်ရင် မကောင်းတဲ့ဒဏ်ကို ကိုယ်ကိုယ်တိုင်ပဲခံစားရမှာပါ။ ကိုယ်ပြုခဲ့တဲ့အပြုအမူတွေအလျောက် ကောင်းခြင်း ၊ ဆိုးခြင်းက ကိုယ့်အနောက်ကိုလိုက်နေမှာပါ။ နောက်တစ်ခုက ငွေဆိုတာဟာ လူ့လောကရဲ့ဒုတိယဘုရားသခင်လို့ဆိုနိုင်လောက်အောင် အင်အားကြီးတာကိုလည်း မြင်တွေ့ရမှာပါ။ ဒီနှစ်ချက်ကိုတော့ အဓိကဗီလိန်ဖြစ်ခဲ့တဲ့ Sekiraဆိုတဲ့မိန်းမပျိုက မီးမောင်းထိုးပြသွားခဲ့ပါတယ်။

စစ်မှန်တဲ့ဖြူစင်တဲ့ချစ်ခြင်းဟာလှပသလိုမျိုး နည်းစနစ်မမှန်ခဲ့ရင်တော့ ဒါဟာမှားယွင်းသွားစေပါတယ်။ မိမိကိစ္စမဟုတ်ခဲ့သော်လည်း လောကမှာတစ်ယောက်တည်းရှိခဲ့တဲ့‌ညီလေးကိုသိပ်ချစ်ခဲ့လို့ အစ်ကိုဖြစ်တဲ့ဟွန်း‌လေး ဂျောင်ကုကိုပေးခဲ့တဲ့တန်ပြန်ပေးတဲ့သက်ရောက်မှုက မှားယွင်းခဲ့တာကြောင့် အဆုံးသတ်မှာ သူသိပ်ချစ်ရတဲ့ညီဖြစ်သူထယ်လောင်းလေးကို ဆုံးရှုံးလိုက်ရသလို တူမလေးကိုပါစတေးခဲ့ရပါတယ်။

ဒါ့အပြင် ဒုံမာန်ဆူးဆိုတဲ့လူဟာလည်း Sekiraဆိုတဲ့မိန်းမပျိုကိုချစ်တဲ့နည်းက မှားယွင်းခဲ့တာပါ။ မကောင်းတာကိုတားရမဲ့အစား သူချစ်တဲ့ကောင်မလေးပျော်ဖို့အတွက် မကောင်းမှုတွေကိုဒိုင်ခံလုပ်ပေးခဲ့တယ်။ မှားယွင်းချစ်ပေါ့။

Luxurious Link 𐤀 [Completed]Where stories live. Discover now