The Beginning of Our Story

5.4K 577 21
                                    

ပုံပြင်တွေကိုယုံကြည်လား။ ကမ္ဘာပေါ်မှာအများကြီးရှိတဲ့အချစ်ပုံပြင်တွေကို ယုံကြည်ဖူးလား။ အင်း ကိုယ့်အတွက်တော့ နှလုံးသားဖန်ဆင်းတဲ့ပုံပြင်လေးတစ်ပုဒ်ဟာ သိပ်လှပတဲ့မျက်ဝန်းညိုလေးနဲ့မှ ပေါ်ပေါက်လာခဲ့တယ်...။

Luxurious Link

မီးရောင်စုံတွေဖြန့်ကျူးထားသော လှပသည့်မီးဆိုင်းတွေနဲ့ ညကလပ်၏အပြင်အဆင်တွေနှင့်မတူညီစွာ ငြိမ့်ညောင်းသာယာသောတေးသံသီဖြင့်Barတစ်ခုသည် တန်ဖိုးကြီးသည်။ ပြင်းရှသောဝိုင်အရာ ၊ အကောင်းဆုံးသောဝိုင်နီ ဝိုင်ဖြူများ နံရံကပ်ဗီရိုအကြီးကြီးတွင်အစီအရီထိန်းသိမ်းထားသည်။ အိစက်သောထိုင်ခုံဆိုဖာကြီးများရဲ့အပြင်အဆင်တွေက တစ်ခဏတာအတွက် အကောင်းဆုံးအနားယူနိုင်ဖို့သင့်လျော်သည်ပင်။

"ထယ်ယောင်း"

သောက်စရာစပ်ဖို့ Barမှာရှိနေတုန်း လက်ပြပြီးဝင်လာသောသူ့ရဲ့Hyungနှစ်ယောက် ကင်မ်ဆော့ဂျင်နဲ့ ဂျောင်ဟိုဆော့။ မနက်တုန်းက ညမှတွေ့မည်ဆိုသောစကားအတိုင်း တိတိကျကျရောက်လာကြသည်။ လက်ခဏပြကာ လုပ်လက်စယာမကာရောစပ်နေမှုကိုရပ်ပြီး ထယ်ယောင်းမန်နေဂျာနဲ့လွှဲခဲ့လိုက်သည်။ Hyungတို့သူ့ကိုစောင့်နေသည်မို့ ဝတ်ထားသောအဖြူရောင်အကျီပေါ်မှ အနက်ရောင်အေပရွန်ကိုချွတ်ကာတင်ထားခဲ့ရင်း...

"ဘာပြောစရာရှိလို့လဲ Hyung"

"မင်းအတွက်"

ခုံပေါ်တင်ကာသူ့အရှေ့တိုးပေးလာသောရွှေရောင်ကဒ်တစ်ကဒ်။ တလက်လက်တောက်နေသောဒီလိုကဒ်သည် အနည်းဆုံးငွေပမာဏဝမ်မီလီယံချီပြီးပါသည်။ အောင်မြင်သောအစီအစဥ်တစ်ခုအတွက် ဒီလောက်ငွေအချို့ဟာ လုပ်ငန်းရှင်ကြီးတွေအတွက်တော့ မပြောပလောက်အောင်ပဲမဟုတ်လား။

"Thankyou"

"You're welcome"

"ထယ်ယောင်း ဒီကိုကြည့်"

"Congratulations Hyung"

မျက်လုံးတစ်ဖက်မှိတ်ပြရင်း ချပေးလာသောဝီစကီကိုတစ်ကျိုက်တည်းမော့နေသော ဟိုဆော့။ အလားတူငွေရောင်ကဒ်တစ်ခုကို လက်ညှိုးကြားညှပ်ကာလှုပ်ပြရင်း ခပ်ထေ့ထေ့အပြုံးနဲ့ပြုံးနေသောဆော့ဂျင်။ ထယ်ယောင်းသဘောကျစွာရယ်ရင်း ဂုဏ်ပြုပေးလိုက်သည်။ ဒီလိုလောကမှာသူတို့အတွက်တော့ ဒီလိုအရာတွေကမစိမ်းသက်နေခဲ့။

Luxurious Link 𐤀 [Completed]Nơi câu chuyện tồn tại. Hãy khám phá bây giờ