Who is the real Villain?

2.4K 338 119
                                    

လှည့်စားမှုနဲ့ကံကြမ္မာက ကိုယ်တို့ကြားထဲသွေးခွဲဝင်ရောက်လာစေတယ်။ တိုက်ဆိုင်မှုတွေမဟုတ်တဲ့ ရှုပ်ထွေးမှုတွေကြားထဲက ဟန်နီ မင်းကဘယ်သူလဲ။ တကယ့်ဗီလိန်ကရော ဘယ်သူလဲ။

Luxurious Link

"ဟူးးးးးး"

အဖြူရောင်စီးကရက်အငွေ့များကောင်းကင်မည်းကြီးဆီ တရွေ့ရွေ့။ ည၏ကောင်းကင်မည်းနက်နေသည်။ တိမ်စိုင်တွေလိုမဟုတ်တဲ့ မကောင်းတဲ့အဖြူရောင်အငွေ့တွေက အဆုတ်ကိုဒုက္ခပေးမှာသိနေလည်း သူမက်မက်မောမောသောက်မိပြန်တယ်။

"Hello Mr.Rathan"

"ပြောပါ မစ္စတာဂျွန်"

"ဟုတ်ကဲ့ခင်ဗျ ညအချိန်မတော်နှောင့်ယှက်လိုက်ရတာအားနာပါတယ် ကျွန်တော်တို့ဘက်ကMr.Rathanဆီ ပစ္စည်းပို့ပေးတဲ့အချိန်မှာ အမှားအယွင်းဖြစ်ခဲ့တဲ့အတွက်
တကယ်မျက်နှာမပြဝံ့ပါဘူး"

"အခုတော့ အဲ့စိန်ကိစ္စနောက်ကွယ်ကလူကိုမင်းသိရပြီလား ပစ္စည်းကရောဘယ်လိုဖြစ်သွားပြီလဲ"

"ကျွန်တော်တကယ်တောင်းပန်ပါတယ် Mr.Rathan ဝယ်ယူထားတဲ့စိန်ကပြန်ရဖို့မဖြစ်နိုင်တော့ဘူး"

"မင်းအဲ့လိုလုပ်လို့မရဘူးလေ ကောင်လေး မင်းကိုငါငွေအားလုံးပုံပေးထားတာ Sekiraက အဲ့စိန်ကိုမှတမ်းတမ်းစွဲလိုချင်နေလို့ အခုအဲ့ကောင်မကလည်းတဂျီဂျီလုပ်နေပြီ အဲ့ကိစ္စကို မင်းဘယ်လိုတာဝန်ပြန်ယူမှာလဲ"

"ကျွန်တော်တို့ဘက်က ငွေပမာဏသုံးဆပြန်လျော်ပေးပါ့မယ်"

ဒိတ်ဒိတ်ကြဲစီးပွားရေးသူဌေးကြီးတွေအတွက် ဘယ်အရာကအဓိကဖြစ်စေသလဲ ဂျောင်ကုသိသည်။ ဒီထပ်များတဲ့တန်ဖိုးကိစ္စတွေမှာ ဒုတိယဘုရားသခင်ကိုလည်းဘယ်လိုအသုံးချရမလဲ သူကောင်းကောင်းနားလည်သည်။

"Sekiraကိုငါမေးကြည့်ဦးမယ် သူ့ဆုံးဖြတ်ချက်ရရင် ငါဖုန်းပြန်ဆက်လိုက်မယ်"

"ကောင်းပါပြီ Mr.Rathan"

ကျသွားပြီဖြစ်တဲ့ဖုန်းကိုတွေတွေကြီးစိုက်ကြည့်ရင်း စကားလုံးတဲ့မဲ့ရရှာသည်။ သူသိသည်။ စိန်မရရင် ဒီကိစ္စကလွယ်မှာမဟုတ်ဘူး။ Mr.Rathanက Sekiraဆိုတဲ့မိန်းမရဲ့စကားတစ်ခွန်းတည်းအမြဲ။ တကယ့်LAရဲ့ထိပ်တန်းသူဌေးကြီးကို ကောင်းကောင်းအညှာတွယ်ထားနိုင်တဲ့မိန်းမက တော်ရုံထက်မြက်မှုနဲ့တော့မဟုတ်ဘူးဆိုတာ ရိပ်မိသည်။

Luxurious Link 𐤀 [Completed]Where stories live. Discover now