The Secret of Min's 🔞

4.3K 424 125
                                    

အပြင်ဘက်ရဲ့အမှောင်ထုတွေကို ဖြူစင်တဲ့မင်းရဲ့စိတ်ထဲ ပြင်းထန်တဲ့နာကျည်းမှုရှိုက်ခတ်သံတွေအဖြစ် ကိုယ်ရိုက်သွင်းခဲ့မိရင် နှလုံးသားတစ်ခုလုံးနဲ့ပေးဆပ်မှာမို့ တောင်းပန်ပါတယ် ငယ်ရယ်။

Luxurious Link

တိတ်ဆိတ်မှုကိုဖြိုခွင်းနေသော အသက်ရှူသံမျှင်းမျှင်းလေး ပုံမှန်ဦးဆောင်နေခဲ့သည်။ အေးစက်ကြောက်မက်ဖွယ်ကောင်းသော အကျဥ်းထောင်ဟောင်းအဆောက်အဦးကြီးအောက်...ထွက်ပေါက်တစ်ခု၌ ဖြူလွှလွှလူရိပ်တစ်ခုပေါ်လာသည်။ တစ်ခုခုကိုပွေ့ချီထားခြင်းသည် အပေါ်မှဖုံးအုပ်ထားသောlong coatရှည်ကြီးကြောင့် ထိုလူဘာသယ်ဆောင်ထားသလဲ ထင်ထင်ရှားရှားမမြင်ရ။ သို့ပေမဲ့ ကြီးမားတဲ့အရာတစ်ခုတော့ဖြစ်မှာသေချာသည်။

သစ်ပင်ခြုံတွေအလွန် ၊ မမြင်ရသောအမှောင်ရိပ်နေရာမှာ လျို့ဝှက်သောကားတစ်စီးရှိနေသည်။ ဘာအကြံအစည်ကြောင့် ဒီလိုအချိန် ဒီလိုနေရာမှာ ဒီလိုကားကြီးရှိနေခဲ့သလဲ။ မျက်နှာတင်းတင်းရှိထားခဲ့သောထိုလူသား တန်ဖိုးထားရသူကိုတယုတယပွေ့ချီထားလျက် အကောင်းစားကားကြီးထံ​ခြေလှမ်းများဦးတည်ခဲ့စဥ် လူသူကင်းမဲ့ညနက်ခဲ့သောကမ္ဘာကြီး လှည့်စားခံခဲ့ရသည်။

"အဟွတ်ဟွတ်"

"ငယ်"

နူးညံ့လွန်းသောခေါ်ဝေါ်မှုဟာ အသံအေးစက်မှုနဲ့မတူနွေးထွေးပျော့ပြောင်းလွန်းသည်။ အထပ်မြင့်တိုက်ကြီးတွေအလွန် ကျယ်ပြန့်လွန်းတဲ့ကွင်းကြီးတွေကျော်ဖြတ်လာခဲ့တဲ့အခါ...လျို့ဝှက်ဆန်သောစံအိမ်တော်ကြီးရဲ့အိပ်ခန်းကြီးထဲ အဖြူရောင်ဝတ်စုံလေးဖြင့်ကောင်လေးငယ် ချစ်သူ့ရင်ခွင်ထဲပင်ပန်းနေခဲ့သည်။ အစောပိုင်းရဲ့နာကျင်ပင်ပန်းမှုတွေကွယ်ပျောက်ကာ နူးညံ့လွန်းသောမွေ့ရာကြီးထဲ နွေးထွေးလွန်းသောနှလုံးသားရင်ခုန်သံဖြင့် ထိုကလေးငယ်အိပ်စက်နေခဲ့သည်။

"ငယ်"

ရင်ခွင်ထဲမှိန်းနေခဲ့သောဖျော့တော့တော့မျက်နှာလေးကိုကြည့်နေရခြင်းက ယွန်းဂီအတွက်ဝမ်းနည်းမှုနဲ့ဒေါသဖြစ်ခြင်းတို့ရောယှက်စေသည်။ မြေကြီးတွေကြောင့်ပေရေနေခဲ့တဲ့မျက်နှာလေးကို သူကိုယ်တိုင်သန့်ရှင်းပေးခဲ့မှုမှာ ပါးမို့လေးတွေရဲနေခဲ့သည်။ မဟုတ် ပါးမေးရိုးလေးတွေပါယောင်နေခဲ့သည်။

Luxurious Link 𐤀 [Completed]Where stories live. Discover now