Everything is too late to Stop

2.4K 305 72
                                    

စွန့်ခွာသွားတော့မည့်ခန္ဓာကိုယ်ဟာ အသက်ဝိဉာဥ်ကင်းမဲ့လုရော့မည်။ အမှောင်ထုထိန်းချုပ်မှုတွေအကြားပိတ်လှောင်ထားခံခဲ့ရတဲ့နှလုံးသား ပျက်ဆီးခဲ့ရပါပြီ။

Luxurious Link

"Hello"

တစ်ဖက်မှထွက်လာတဲ့မိန်းကလေးတစ်ယောက်အသံကြောင့် ဂျီမင်းစကားပြောဖို့ရုတ်တရက်ရပ်လိုက်မိတယ်။ မင်လူကြီးအိမ်မှာမရှိတုန်း ဂျောင်ကုဆီသတိရတာရော ၊ ကွန်တိန်နာအပေါ်ကလူက ယွန်းဂီဖြစ်တယ်ဆိုတဲ့အကြောင်းနဲ့ Mr.Rathanရဲ့မိန်းမလှည့်ကွက်ထဲလုံးဝမဝင်မိသွားဖို့ ဂျီမင်းကြုံခဲ့ရသမျှအကျိုးအကုန်အကြောင်းပြောပြရန် ဂျောင်ကုဆီဖုန်းလှမ်းဆက်ခဲ့လိုက်တာ။

ဝင်သွားလို့ပြောရုံကြံလိုက်ပေမဲ့ ခပ်ဝဲဝဲညှောင်စိစိမိန်းမတစ်ယောက်အသံထွက်လာသည်။ ဘာလဲ ဒီကောင်ဂျောင်ကုဘယ်ရောက်နေတာလဲ။ ထယ်ယောင်းနဲ့အတူမရှိဘူးလား။

*Sekira ဘယ်ကဖုန်းလဲ*

*ဟန်နီလို့ခေါ်ဖို့ကျွန်မပြောထားတယ်လေ ဂျွန်ဂျောင်ကု*

ခပ်တင်းတင်းကြိမ်းလိုက်တဲ့မိန်းမအသံနဲ့အမည်နာမတစ်ခုကြောင့် ဂျီမင်းလန့်သွားမိတယ်။ အနောက်ကနေထွက်လာတဲ့ခပ်တိုးတိုးအသံက သူ့သူငယ်ချင်း ဂျွန်ဂျောင်ကုရဲ့အသံ။ အခုဒီမိန်းမက စိန်ဝယ်ထားတဲ့မိန်းမမဟုတ်ဘူးလား။ ဟန်နီ ၊ မောင် ဘာတွေလဲ။ ဂျောင်ကုမင်းဘာလို့ကြိမ်းခံနေရတာလဲ။ မင်းဘယ်တွေရောက်နေတာလဲ။

*အာ မောင်မေ့သွားလို့ပါ ဟန်နီ တောင်းပန်ပါတယ် ဒါနဲ့ဘယ်ကဖုန်းလဲ*

*မသိဘူး ဖုန်းနံပါတ်အစိမ်းကြီးပဲ မောင်မမှတ်ထားဘူး ဘာမှလည်းမပြောဘူး*

*ထားလိုက်ပါ ဟန်နီရာ မောင်တို့အိပ်ရမယ်လေ ညနက်နေပြီ ပြွတ်စ်*

*မောင်နေဦးကွာ ဒီမှာရှင်းဦးမယ်*

"Hello ဒီမှာရှင်ဘယ်သူလဲ ကျွန်မမသိဘူး ဘယ်ကဆက်နေမှန်းလည်းမသိဘူး အခုLAမှာညနက်နေပြီ ရှင်နားလည်လား ကလေးကစားစရာတွေလိုလာမကစားနဲ့ စိတ်မဝင်စားဘူး ကိစ္စမရှိရင်ချလိုက်ပြီ"

ကျသွားတဲ့ဖုန်းနောက် ဂျီမင်းကြောက်စိတ်ရော ၊ လန့်စိတ်ကြောင့်ပါ‌ကြမ်းပြင်ပေါ်လဲကျသွားခဲ့သည်။ ဘာတွေဖြစ်ကုန်တာလဲ။ သူကြားခဲ့ရတဲ့အသံတွေက...ဘာတွေဖြစ်ကုန်တာလဲ။ Sekiraဆိုတဲ့မိန်းမနဲ့ ဂျောင်ကုကဘယ်လိုဖြစ်ပြီး ဒီလိုအခြေအနေတွေထိရောက်သွားရတာလဲ။ ဒါဆို ထယ်ယောင်းလေးကရော...ဂျောင်ကုရဲ့mate ဂျွန်ထယ်ယောင်းလေးကဘယ်မှာလဲ။ တကယ့်ဟန်နီအစစ်ကဘယ်မှာလဲ။

Luxurious Link 𐤀 [Completed]Where stories live. Discover now