The First Clue of Diamond thef Case

4.6K 519 21
                                    

စိတ်ရှုပ်လာအောင်လုပ်ထားရင် ကမ္ဘာမြေအဆုံးထိထွက်ပြေးလိုက်စမ်း။ မိသွားခဲ့ရင် မင်းအသက်ကိုဖက်နဲ့ထုပ်ထားရင်တောင် လုံခြုံမှာမဟုတ်ဘူး...။

Luxurious Link

"Hello ဂျီမင်း"

"ဂျောင်ကု ကိစ္စဖြစ်တဲ့နေ့ကCCTV ငါတို့ရပြီ မင်းကြည့်သင့်တယ်ထင်တယ်"

"ငါ့ဖုန်းထဲfileထည့်ထားပေးလိုက် ငါကြည့်လိုက်မယ်"

"မှတ်တမ်းကိုငါမင်းဖုန်းထဲပို့ပေးထားတယ် ဒါပေမဲ့လူကိုယ်တိုင်တွေ့မှအဆင်ပြေလိမ့်မယ် ဂျောင်ကု ငါမင်းကုမ္မဏီမှာ"

"OK ငါလာခဲ့မယ်"

အိပ်ပျော်နေပေမဲ့မြည်လာတဲ့ဖုန်းသည် ဂျီမင်းထံမှအရေးကြီးကိစ္စတစ်ရပ်။ ကိစ္စဖြစ်ခဲ့တဲ့နေ့က ကွန်တိန်နာဝန်းအတွင်းရဲ့CCTVမှတ်တမ်းတစ်ချို့ရသည်ဆိုသည်။ ကြည့်သင့်တယ် ဆိုတဲ့စကားအရ ခန့်မှန်းထားသောအလားတူကိစ္စမှန်သည်လား ဒါမှမဟုတ် သူတို့ထင်တဲ့အတိုင်းပဲဖြစ်နေမလား။ အင်းတိတိကျကျအဖြေတစ်ခုရဖို့ ဒါကိုတော့သွားကြည့်မှသိရမှာပေါ့။

ဂျောင်ကုလက်မောင်းပေါ်ခေါင်းတင်ရင်းအိပ်ပျော်နေသော စောင်နှင့်ပတ်နေသည့်ချစ်စရာပိုးတုံးလုံးဖြူလေးကို နှဖူးဆီမြတ်မြတ်နိုးနိုးနှစ်နှစ်ကာကာအနမ်းပေးရင်း ဂျောင်ကုခန္ဓာကိုယ်သန့်စင်ဖို့ထလာခဲ့သည်။ ရေချိုးချပြီးအားလုံးပြင်ဆင်ပြီးတဲ့အချိန် အကျီဝတ်ရင်းကြည့်တော့ အလှလေးဟာအခုထိကွေးကွေးလေးအိပ်နေဆဲ။ အိပ်ရာနံဘေးနားသွားထိုင်ရင်း တရှူးရှူးအိပ်ပျော်နေသည့်မျက်နှာလေးကိုကြည့်မိမှ အတွေးထဲ၌မနေ့ညကမျက်နှာရဲလေးပြန်ပေါ်လာသည်။ ပုံမှန်အချိန်တွေမှာလည်းမင်းဟာသိပ်လှသလို ကိုယ်နဲ့ချစ်ကြတဲ့အချိန်မှာတော့ ကိုယ့်ရဲ့အလှလေးကပိုပြီးဆွဲဆောင်မှုပြင်းလွန်းတယ်။

သွေးကြောစိမ်းလေးတွေပါပေါ်နေအောင်လှရက်လွန်းသောသူလေးက ပါးပြင်အိအိလေးမှာပါးမို့ရဲလေးတွေရှိနေသေး။ ချစ်စရာလုံးလုံးလေးရဲ့ပါးပြင်လေးကို လက်မနှင့်လက်ညှိုးသုံးကာဆွဲညှစ်မိတော့ လှုပ်စိလှုပ်စိလေးနဲ့လူးလွန့်လာသည်။ မနေ့ညကငိုခဲ့တဲ့ပုံရိပ်တွေနဲ့မတူစွာ ဒီမနက်မှာတော့မျက်နှာမို့မို့အစ်အစ်လေးကချစ်စရာအလွန်ကောင်းနေသည်။

Luxurious Link 𐤀 [Completed]Where stories live. Discover now