Honey has left Mg's Heart forever

3K 327 76
                                    

သေဆုံးခြင်းကိုရွေးချယ်သွားတဲ့အခါ နောင်တတွေတစ်လှေကြီးရမဲ့လူက ရင်ခွင်တစ်ခုလုံးပျက်ဆီးရော့ခဲ့သည်။ ပြန်လည်တမ်းတမိတဲ့အခါ အရာအားလုံးသဲထဲရေသွန်သလိုသာစတေးခဲ့ပြီးပြီ။ ဟန်နီဟာ မောင့်ကိုထားသွားခဲ့ပါပြီ။

Luxurious Link

"ကို ကျွန်တော့်ကိုမနောက်နဲ့! တခြားနည်းမရှိတော့ဘူးလား! မဖြစ်နိုင်ဘူး! မဟုတ်ဘူး!"

"ဟွန်းလေး စိတ်ကိုလျော့ထားပါဦးကွာ စိတ်ကိုလျော့ပါ ဟွန်းလေးရယ်"

"ကို မဟုတ်ဘူး အဟင့်ဟင့် မဟုတ်ဘူး အဲ့လိုမဖြစ်ရဘူး အီးဟီး ညီလေးမရှိပဲ ကျွန်တော်ဘယ်လိုနေရမှာလဲ မဟုတ်ဘူး တခြားနည်းလမ်းရှိမှာပါ ဟုတ်တယ်မလားဟင် ကို ဟုတ်တယ်မလားလို့!"

မျက်ရည်တွေအပြည့်နဲ့အော်ဟစ်ငိုယိုနေခဲ့တဲ့ကောင်လေးကို ရင်ခွင်ထဲတင်းတင်းကြပ်ကြပ်ပွေ့ဖက်ထားရသော ဒေါက်တာရဲ့အဖြစ်ဟာ မြင်ရသူတိုင်းအတွက်ရင်နင့်ဖွယ်ရာဖြစ်ခဲ့သည်။ ရုံးခန်းအတွင်းမှာ လူငါးယောက်ဆုံနေခဲ့ကြသည်။ ယွန်းဂီနဲ့နမ်ဂျွန်းကလည်းမျက်နှာမကောင်းသလို ဆော့ဂျင်ကတော့မျက်ရည်စက်လက်နဲ့။ အားလုံးထဲမှာမှ သူ့ကလေး ဟွန်းလေးကတော့ ထိန်းမနိုင်ဖြစ်နေခဲ့လို့ ဟိုဆော့မနည်းပွေ့ဖက်ထားရသည်။

"တော်ပါတော့ ဟွန်းယောင်းရယ် မင်းတော်ပါတော့ကွ!"

"ကျွန်တော်မတော်နိုင်ဘူး Jin Hyung ကျွန်တော့်ကြောင့်...ကျွန်တော့်ကြောင့်ဒီပြဿနာတွေကစခဲ့တာ အားလုံးကျွန်တော်ကြောင့်! အဟင့်ဟင့် ကို ထယ်‌ယောင်းကိုကယ်ပေးပါ ကိုရယ် နော် ကျေးဇူးပြုပြီး ထယ်ယောင်းလေးကိုကယ်ပေးပါ ညီလေးဘယ်ဟာလိုလို ကျွန်တော်အကုန်ပေးမယ် ကို ကယ်ပေးပါနော်"

"ဟွန်းလေး ဒီကိစ္စကထင်သလောက်မလွယ်ဘူး ကိုယ့်ကိုဖိအားမပေးပါနဲ့ ဟွန်းလေးရယ် မင်းနဲ့ထယ်ယောင်းလေးက အမွှာတွေဆိုလို့သွေးပေးရလို့ရပေမဲ့ မင်းရဲ့သွေးတွေအကုန်ပေးလိုက်ရမှာ မင်းသေသွားလိမ့်မယ်"

"ကျွန်တော်ဂရုမစိုက်ဘူး! ညီလေးဘာမှမဖြစ်ဖို့ ကျွန်တော့်နှလုံးပေးဆိုရင်တောင်ပေးမယ်! တစ်ကိုယ်လုံးကသွေးလဲရမှာမလား ရတယ် ကျွန်တော်ပေးမယ် ကိုသာလုပ်ပေးပါ"

Luxurious Link 𐤀 [Completed]Where stories live. Discover now