Simple or Not?

3.2K 373 74
                                    

ဖြူစင်တဲ့ကိုယ့်ရဲ့နတ်သားလေးကို ပြဿနာတွေကြားထဲကို ဆွဲမထည့်ချင်မိဘူး။ ကိုယ့်အတွက်နဲ့ မင်းလေးစွန့်စားရမှာမလိုလားဘူး။ ဟန်နီရယ် အန္တရာယ်များလွန်းပါတယ်ဗျာ...။

Luxurious Link

"မကိုင်ဘူးပဲ ဒီကောင်အဆင်ရောပြေရဲ့လား ငါ့ကိုသတင်းအခြေအနေပြောမယ်ဆိုပြီး မပေါ်လာဘူး"

ခါးအောက်ပိုင်းကိုအဝတ်စပိုင်းသာပတ်ထားသော ဖုန်းဆက်နေသည့်ချစ်ခင်ပွန်းကိုကြည့်ရင်း ထယ်ယောင်းကုတင်ပေါ်မှာမေးလေးထောက်နေမိသည်။ ကျစ်လျစ်နေတဲ့ခန္ဓာကိုယ်အကြီးကြီးဆီက ကျောပြင်ကျယ်ကြီးက တကယ်ခိုစီးချင်စရာ။

"မောင် ဘယ်သူလဲဟင်"

"သူငယ်ချင်းဆီကိုဆက်နေတာ ဟန်နီ သဘက်ခါကျရင် ရတနာကုန်စည်ပြပွဲရှိတယ်လေ အဲ့တာဂျီမင်းကိုဖုန်းဆက်နေတာ မကိုင်လို့"

"အာ ဂျီမင်းဆိုတာကဟိုပုပုလုံးလုံးလေးမလား omegaလေးထင်တယ်"

"အင်း ဟုတ်တယ် အစ်ကိုမင်ရဲ့mateလေ သူက"

"အစ်ကိုမင်ဆိုတာက..."

ထယ်ယောင်းတသိတချင်နဲ့မေးတော့ သူ့ဘက်လှည့်ကာကြည့်ပြီး ကုတင်ပေါ်ထိုင်ချလာတဲ့သူ။ ခေါ်နေသောဖုန်းကိုကိုင်ရာ လက်နှစ်ဖက်ယှက်ရင်း ခါးကိုကိုင်းပါငုံ့ထိုင်နေ၏။

"အစ်ကိုမင်ဆိုတာ ကိုယ်တို့လောကမှာရှိတဲ့ နောက်ထပ်အင်အားကြီးalphaတစ်ယောက်ပေါ့ ဟန်နီ ဒါပေမဲ့တစ်ချို့ကိစ္စလေးတွေကြောင့် အစ်ကိုမင်ပျောက်သွားတာကြာပြီ"

"ဟင် ဒါဆိုအဲ့အစ်ကိုမင်က ဂျီမင်းလေးကိုထားခဲ့တာပေါ့"

"အင်း သူလည်းမလွဲသာလို့အဆက်အသွယ်ဖြတ်ခဲ့ရတာထင်ပါတယ် ပြောမဲ့သာပြောတာ သူတို့နှစ်ဦးကတော်တော်ချစ်ကြတယ် ကိုယ်ဆိုအမြင်တောင်ကတ်ရတဲ့အထိ"

"ဟုတ်လား သနားပါတယ်နော်"

"အစ်ကိုမင်က ကိုယ်တို့လောကမှာအင်အားကြီးတဲ့သူလေ ဟန်နီ အဲ့တော့သိတဲ့အတိုင်းရန်သူများတော့ လုပ်ကြံခံရတာတွေများတာပေါ့ တစ်နေ့ကျဂျီမင်းကပါခြိမ်းခြောက်ခံလာရတယ် အမှန်ဆိုဂျီမင်းကလည်း omegaဆိုပေမဲ့ အင်အားနည်းတဲ့အထဲမပါဘူးလေ ဟန်နီ့လိုပေါ့ ဒါပေမဲ့အဲ့တာကိုအစ်ကိုမင်ကသိပြီး ဂျီမင်းအနားကထွက်သွားတာ ခုထိပဲ အဲ့အချိန်ကစပြီးခြိမ်းခြောက်တာတွေလည်းပျောက်သွားသလို အစ်ကိုမင်ကိုလည်းထပ်မတွေ့ရတော့ဘူး ဟန်နီ"

Luxurious Link 𐤀 [Completed]Where stories live. Discover now