Honey, I'm so tired of loving you

2.6K 361 72
                                    

ဘဝတစ်ခုလုံးနဲ့ရူးရူးမိုက်မိုက်ချစ်မိသွားတဲ့အခါ ဦးနှောက်တစ်ခုလုံးရဲ့အသိတွေ စုံလုံးကန်းကုန်တယ်။ မင်းကိုချစ်မိရင်ရော မောင့်နှလုံးသား စုံလုံးကန်းရမလား ဟန်နီ။ သေချာတာကတော့ မင်းကိုချစ်မိလို့ မောင်ပျော့ညံ့ကုန်ပြီ။

Luxurious Link

"အဟင့်ဟင့် မောင် ဟန်နီဘာလုပ်မိလို့လဲဟင်"

စောင်အထူကြီးခြုံပေးထားလျက် ရင်ခွင်ထဲထည့်ထားခဲ့သော ဟန်နီလေးဟာ သူ့ကိုကြည့်ရင်း မျက်ရည်စတွေနဲ့မေးရှာသည်။ မီးအလင်းရောင်အောက်ကဟန်နီ့ရဲ့ နီရဲနေသောမျက်ခမ်းစပ်က မျက်တောင်စလေးတွေကိုဂျောင်ကုခပ်ဖွဖွနမ်းပြီး...

"မောင်စိတ်ရှုပ်ထွေးစရာတွေရှိနေခဲ့လို့ပါ ဟန်နီရယ် အိပ်တော့နော်"

ပိုတိုးသထက်တိုးဝင်လာတဲ့ကိုယ်လုံးလေးကို ဂျောင်ကုတင်းတင်းကြပ်ကြပ်ပွေ့ဖက်ရင်း သူ့ကြောင့်ငိုခဲ့ရတာမို့ရင်ထဲမကောင်း။ မျက်ခွံလေးတွေမို့နေတဲ့ဟန်နီပေါက်စလေးက အထိခိုက်အညှိုးမခံနိုင်သောဒေစီပန်းပွင့်လေးတွေလိုမျိုး။ သိပ်လှပသလို သိပ်ပြီးတော့လည်းနူးညံ့လွန်းတယ်။ ဒါပေမဲ့ နှင်းဆီနီတွေလိုမျိုး အန္တရာယ်ရောများသလား ဟန်နီရယ်။

​တဖြည်းဖြည်းကိုယ်လုံးလေးအပူချိန်လျော့လာပြီဖြစ်သလို အိပ်မောကျခြင်းလည်းရောက်သွားလေပြီ။ ဂျောင်ကုအိပ်မပျော်ခဲ့။ ဟန်နီ့မျက်နှာလေးကိုကြည့်ပြီး ဘာအတွက်ကြောင့်များဒီလိုလုပ်ခဲ့ရသလဲ ဆိုတဲ့မေးခွန်းက သူ့ဦးနှောက်ထဲအဖန်တစ်ရာတေအောင်ရိုက်သွင်းရက်နေသည်။

ညအိပ်မီးမှိန်ဖျဖျဖွင့်ထားသည့်အတွက် မြင်နေရသောအညိုရောင်နံရံကြီးကို အတွေးနယ်ချဲ့စွာကြည့်မိပါရဲ့။ ညနေစောင်းအချိန် ၊ ညဦးမိုးမချုပ်ခင်တုန်းက အဖြစ်အပျက်တစ်ခု မျက်လုံးထဲအစီအရီပေါ်လာပြန်တော့ ဒေါသနဲ့စက်ဆုပ်မှုက ရင်ထဲတမြေ့မြေ့။ မယုံကြည်နိုင်သောချစ်သူလေးအကြောင်း ဂျောင်ကုပိုသိလာရတယ်။

နေ့လည်ကကြားခဲ့ရတဲ့ ဘင်ဂျူးဆီကစကားတွေကသေချာနိုင်ပါသော်လည်း ဘယ်အရာမဆို လွယ်လွယ်မယုံကြည်တတ်တဲ့လူမို့ သူ့အဖွဲ့ကိုစုံစမ်းခိုင်းခဲ့မိတာမှ မှားရော့တယ်။ တစ်ဖက်ဆီကပြန်ပို့လာတဲ့အချက်အလက်တွေထဲက မြင်ခဲ့ရတဲ့ဟန်နီ့ပုံရိပ်တွေ။ မြင်ယောင်လာမိတိုင်း ဂျောင်ကုရင်ထဲတစ်စဆီဆုတ်ဖြဲလာသည်။ ဟန်နီ မောင်ဘာဆက်လုပ်ရမလဲ။

Luxurious Link 𐤀 [Completed]Where stories live. Discover now