Behind the A.D's Madness

3.6K 429 86
                                    

လျင်မြန်လွန်းတဲ့ခင်ဗျားက လျို့ဝှက်ဆန်တဲ့လူဖြစ်တယ်ဆိုတာ ကျွန်တော်သိတယ်။ ဒါပေမဲ့ အဲ့ဒီမျက်နှာသေတွေနဲ့ ကျွန်တော့်နှလုံးသားကိုရုတ်တရက်ကစားသွားလိမ့်မယ်လို့တော့ တစ်ခါမှမတွေးခဲ့မိဖူးဘူး။ ခင်ဗျားသိပ်တော်ပါတယ် မင်။

Luxurious Link

မှောင်နေသောအခန်းရဲ့နက်ရှိုင်းသောထုခြေလွှာ။ လက်ကောက်ဝတ်နှစ်ဖက်ချုပ်ထားခံရသောသံကြိုးသံများ တိတ်ဆိတ်နေသည်။ မြေပြင်ပေါ်ဒူးထောက်ကာ ခေါင်းငိုက်စိုက်ကျနေသောကောင်လေးတစ်ဦး မေ့မျောနေသည်။ နံရံ၌ချိတ်ထားသောသံကြိုးများကြောင့် မြှောက်ထားရသောလက်နှစ်ဖက်၏လက်ကောက်ဝတ်ငယ်ပွန်းရှလုပြီ။

"ရေ..ရေ..."

မပွင့်တပွင့်တောင်းဆိုသံ နှုတ်ခမ်းထူလေးဆီမှထွက်လာတဲ့အခါ အရှေ့တည့်တည့်ရှိဆိုဖာခုံပေါ်ကလူတစ်ဦး ဟင်း ခနဲခပ်ဆောင့်ဆောင့်ရယ်သည်။ မျက်စိရှေ့မှသားကောင်ဟာ စိတ်ဝင်စားဖို့ကောင်းသည်။ မဟုတ်ဘူး တစ်မျိုးဆွဲဆောင်မှုအားပြင်းသည်။ ဒူးထောက်ထားသည့်ပေါင်တံတွေ ၊ ကြယ်သီးတွေပြုတ်နေသော အနက်ရောင်ရှပ်အကျီအောက်က ဖျော့တော့တော့အသားအရေတွေ ၊ ငုံ့ထားသောမျက်နှာအောက်က ဆူထွက်နေသည့်နှုတ်ခမ်းခပ်ဖူးဖူး ၊ အနက်ရောင်ဆံပင်အိလေးတွေ အဆုံးသတ်ကြည့်ရရင် မင်းကOmegaလေးပဲ။

"ရေ...ရေသောက်ချင်တယ်"

အသံတိုးကနွမ်းလျစွာခေါ်လာရင် ယွန်းဂီနှုတ်ခမ်းပါးတို့ကွေးညွတ်လာလေလေ။ အနားရှိမှန်စားပွဲခုံပေါ်တွင် ရေတစ်ဘူးနဲ့မောင်းတင်ထားသော သေနတ်တစ်လက်ရှိနေသည်။ သွေးကြောစိမ်းတွေယှက်ဖြာနေတဲ့လက်တစ်စုံက ရေသန့်ဘူးကိုယူစေရင်း ခြေလှမ်းကျယ်တို့ မျက်စိရှေ့ကသားကောင်ငယ်ဆီဦးတည်လာသည်။

"မင်းကရေသောက်ချင်တာလား"

မုဆိုးထိုင် ခြေတစ်ဖက်ပေါ်အားပြုထိုင်ရင်း လှုပ်ရမ်းနေသောထိုကောင်လေးမျက်နှာထက်ကပါးပြင်ကို ခပ်ကြမ်းကြမ်းညှစ်လိုက်သည်မို့ အိစက်သောပါးပြင်လေးနီရဲသွား၏။ ရေသန့်ဘူးဖွင့်ကာ ခေါင်းထက်မှလောင်းချလိုက်စဥ် မှေးတေးတေးမျက်လုံးလေးတွေက ဆေးအရှိန်ပြယ်လာပြီမို့ တဖျတ်ဖျတ်မသိတသိခတ်လာသည်။ စီးကျလာသောရေစက်တွေက လည်တိုင်ကျော့မှတစ်ဆင့် လျစ်ဟာနေသောရင်ဘတ်ဖွေးပေါ်စီးကျသည်။ ခန္ဓာကိုယ်ကပ်သွားသောအကျီနောက် ယွန်းဂီ သူ့ရှေ့ကမြင်ကွင်းကိုကြည့်ရင်းစိတ်ကျေနပ်သလိုလို။ နိုးလာပြီလား ပတ်ဂျီမင်း။

Luxurious Link 𐤀 [Completed]Where stories live. Discover now