The Baby is Gone (Abortion)

2.5K 308 97
                                    

မြင်ကွင်းတွေကရက်စက်လိုက်တာဗျာ။ ပုံရိပ်တွေကစစ်မှန်လွန်းခဲ့ပါလား။ အလုပ်ကိစ္စနဲ့ဆိုတာအကြောင်းပြချက်တစ်ခုသက်သက်ပဲလားဟင်။ အင်း ဟန်နီနားလည်ပေးပါ့မယ်။ မောင့်အနမ်းတွေက ဟန်နီတစ်ယောက်တည်းအတွက်မဟုတ်ခဲ့ဘူးဆိုတာကိုပေါ့။

Luxurious Link

ကိုရီးယားစံမြေမဟုတ်သော LAရဲ့မနက်ခင်းဝေရီဝေလင်းအချိန်မှာ လေယာဥ်ဆင်းသက်ခဲ့သည်။ ခရီးစဉ်ကိုနာရီအတော်ကြာစီးခဲ့ရတာမို့ ခန္ဓာကိုယ်တစ်ခုလုံးငြီးစီစီဖြစ်နေလည်း Mrs.Sekiraချိန်းဆိုရာ သူမရဲ့စံအိမ်သို့ သူအချိန်မဆွဲပဲထွက်လာခဲ့သည်။

ညီညာကျယ်ပြန့်လွန်းသောမြက်ခင်းပြင်ကြီးလွန်လာတဲ့အချိန်မှာ အနက်ရောင်တောက်ပနေတဲ့စံအိမ်ကြီးထင်းခနဲတည်ရှိနေသည်။ ကိုယ်ပိုင်ဂေါက်ကွင်းကျယ်ကြီးဖြင့် ရေကူးကန်ကြီးများပါနေတဲ့ဒိအိမ်ကြီးက သူမြင်ဖူးသမျှထဲမှာအမြင့်ဆုံးအဆင့်အတန်းလို့တောင်ဆို၍ရနိုင်သည်။

"ကြိုဆိုပါတယ် သခင်လေး"

"ကျွန်တော့်ကိုဂျွန်ဂျောင်ကုလို့ခေါ်လို့ရပါတယ်"

အိမ်ထိန်းဝတ်စုံပြည့်ဖြင့်အသက်ခပ်ကြီးကြီးလူကြီးတစ်ဦးလာကြိုတာမို့ ဂျောင်ကုနှုတ်ဆက်လိုက်သည်။ ထိုလူကြီးပြရာလမ်းအတွင်းတစ်ကွေ့တစ်ပတ်ဝင်လာခဲ့တော့ ကြီးမားတဲ့ပန်းခြံကြီးအလယ်ဆီမှာဥယျာဥ်အဆောက်အအုံသေးလေးတစ်ခုဆီရောက်သွားသည်။ ထိုမှလွန်ကာအဆုံးသတ်၌ မုန့်နှစ်ဖြူရောင်စံအိမ်အသေးလေးဆီရောက်သွားခဲ့သည်။

"ဝင်သွားလိုက်ပါ သခင်လေး"

90°အထိခါးညွတ်နှုတ်ဆက်ပြီးရပ်ကျန်ခဲ့တဲ့ထိုအိမ်ထိန်းလူကြီးကြောင့် စိတ်ထဲတစ်မျိုးဖြစ်သွားလည်း စကားပြောစရာရှိတာကြောင့် ဂျောင်ကုအရှေ့ကိုသာဆက်ဝင်ခဲ့လိုက်သည်။ အနက်ရောင်စံအိမ်အကြီးကြီးရှိနေပါလျက် ဟိုးအနောက်မှာပန်းဥယျာဉ်ကြားထဲကစံအိမ်ဖြူကို ဘာဖြစ်လို့ခေါ်ရသလဲ။ ဘယ်လိုပဲဖြစ်ဖြစ်ပါ သူအခုစကားအမြန်ပြောပြီး ဟန်နီ့ဆီပြန်ချင်ပြီ။

"Mrs.Sekira ခင်ဗျားဘယ်မှာလဲမသိဘူးဗျ"

အဖြူရောင်အပြင်ဒီဇိုင်းနဲ့မတူစွာ ဝင်ဝင်ချင်းတင် အနီရောင်နှင်းဆီရဲများအပြည့်ဆင်မြန်းထားသောပုံစံသည် တကယ့်ကိုမွှေးရနံ့တွေနဲ့ထုံသင်းလွန်းနေ၏။ အိမ်တိုင်လုံးကြီးများမှာလည်း နွယ်ပင်သဏ္ဏာန်ရစ်နွယ်ထားသော ခပ်ရဲရဲအနီရောင်နှင်းဆီပန်းတွေသီကုံးထားသည်။ မတရားများနေတဲ့အမွှေးနံ့တွေကြောင့်ခေါင်းပါနည်းနည်းမူးနောက်နောက်။ ဒါပေမဲ့လည်း ခရီးပန်းလာတာကြောင့်လို့ပဲ‌တွေးကာ ကိုယ့်ကိုယ်ထိန်းရင်း အထဲဆက်ဝင်လာခဲ့သည်။

Luxurious Link 𐤀 [Completed]Where stories live. Discover now