When We Crossed the Line 🔞

6K 588 32
                                    

တွယ်ငြိဖို့အချိန်တန်လာရင် ရှောင်ပြေးဖို့တောင်ခက်ခဲတတ်တယ်။ ဥပမာ ငါထွက်ပြေးတာတောင်မှ မင်းဆီမှာတွယ်ငြိသွားခဲ့တာမျိုး...။

Luxurious Link

စိမ်းသက်လွန်းတဲ့ရနံ့ကြောင့် ရုတ်ချည်းဖြစ်လာတဲ့အချိန် ရီဝေနေသောခေါင်းကိုထိန်းပြီး မျက်နှာပေါ်လက်ကိုင်ပဝါအုပ်ရင်းပင် နံရံကိုအားပြုလျက် ထယ်ယောင်းBarထဲကနေထွက်ပြီး အပေါ်ထပ်အခန်းဆီထွက်လာခဲ့သည်။ လမ်းတစ်လျှောက်လှေကားထစ်တွေကိုမပြုတ်ကျအောင်ဂရုစိုက်ခဲ့ပေမဲ့ လူက မထူနိုင်အောင် ၊ ချာချာလည်နေအောင်မူးချင်နေသည်။ ဘာကြောင့်လဲ။ အမြင်မတင့်တယ်တော့သောခန္ဓာကိုယ်ရဲ့ပုံစံအနေအထားမှာ တုံ့ပြန်မှုပြင်းလွန်းသည်။ ဘောင်းဘီအပေါ်မှဖုဖောင်းနေသောဒီလိုပုံစံကိုကြည့်ပြီး သူ့ရဲ့သိက္ခာတွေအကုန်ပြောင်းဆန်သွားလိမ့်မယ်။ အထူးသဖြင့် အခုချိန်မှာတခြားလူတွေမြင်သွားရင် ဘယ်လိုမှရုန်းကန်နိုင်မှာမဟုတ်ဘူး။

မည်သို့သောအစွမ်းကြောင့်များလဲ။ ထိုလူ့ရဲ့ပုံစံ ၊ သူ့ဆီကထွက်နေတဲ့အနက်ရောင်အငွေ့လိုအရာတွေ ၊ သူ့မျက်လုံးအကြည့်ကိုမြင်ခဲ့ရချိန်မှာ ထယ်ယောင်းသွေးကြောထဲထိကျက်သီးတဖြန်းဖြန်းထစေခဲ့တယ်။ ထယ်ယောင်းအနားမရှိနေတာတောင် အဝေးမှာထိုလူကဒီအတိုင်းရှိနေတာတောင် သူ့ခွန်အားတွေအားလုံးစုပ်ပစ်လိုက်သလိုမျိုးဖြစ်ခဲ့တယ်။ ခြေတွေလက်တွေသယ်ချင်စိတ်မရှိတော့လောက်အောင် ခန္ဓာကိုယ်တစ်ခုလုံးနုံးချင်လာတယ်။ သူ့ဘဝမှာတစ်ခါမှမဖြစ်ခဲ့ဖူးပေမဲ့ အခုဖြစ်လာတော့လည်း ညသန်းခေါင်ဝန်းကျင်နီးပြီ။ ပိုင်ဆိုင်ထားသောBar အလုပ်ကြားမှာမှတွေ့ဆုံရသည်လား။ ဒါကဘယ်လိုအရာမျိုးလဲ။ အကြောင်းအရာပုံစံတွေကိုသိသင့်သလောက်သိပေမဲ့ မကြုံဖူးတဲ့အတွက် ခက်ခဲပါ၏။

ဒီမျက်လုံးအကြည့်တွေက ညှို့အားပြင်းလွန်းတဲ့Alphaတစ်ယောက် Heat Cycleချိန်မို့လား။ သာမန်ထက်မတူညီတဲ့အကြည့်တွေ ခံစားမှုတွေဖြစ်ပျက်ခဲ့ရတာ ဒီအတွက်ကြောင့်လား။ ဒါဆိုအခုလိုဖြစ်ရတာကရော ဘာကြောင့်လဲ။ မသိတဲ့လူတစ်ယောက်အတွက် အခုလိုဖြစ်စရာလိုအပ်လို့လား။

Luxurious Link 𐤀 [Completed]Where stories live. Discover now