Chapter13(Unicode+Zawgyi)

Start from the beginning
                                    

အရင်ဆိုမောင်နဲ့ခက မျက်နှာချင်းဆိုင်ပြီးအိပ်နေကြ....တခါတလေမျက်နှာချင်းဆိုင်မအိပ်တတ်ရင်တောင်မှ မောင်က ခကိုသူ့ရင်ခွင်ထဲထည့်ဖက်ရင်ဖက်..ဒါမှမဟုတ်ရင်တောင် အနည်းဆုံးခရဲ့လက်တစ်ဖက်ကိုကိုင်ပြီးမှအိပ်တတ်တဲ့မောင်က ဒီနေ့တော့..ခကိုကျောခိုင်းပြီးအိပ်နေယုံသာမက ခဖက်တွယ်ထားတဲ့လက်တွေကိုတောင်မဆုပ်ကိုင်ခဲ့တဲ့မောင်.........

မောင်ခကိုလစ်လျှူရှုနေတာလား...

ဟင့်အင်းနော်မောင်...ခ..ခလက်မခံဘူးနော်...

မောင်ကလည်းခကိုပစ်သွားလို့မရသလို ခကလည်းမောင့်ကိုဘယ်တော့မှထားမသွားဘူးမောင်...

ဟင်း..မနက်ဖြန်ကျရင်တော့ခရင်ထဲကမတင်မကျဖြစ်နေတဲ့ဟာတွေကိုမောင့်ကိုဖွင့်ပြောကြည့်ပြီးသေသေချာချာရှင်းဦးမှပါ...

မဟုတ်ရင် တစ်ယောက်နဲ့တယောက်သံသယတွေ မထားသင့်တဲ့အမုန်းတွေထားပြီးအထင်တွေလွဲကုန်မှခက်မယ်...

အတွေးတွေကိုအဝေးကိုလွှင့်ရင်း မောင်ခါးကိုဖက် မောင့်ကျောကိုမျက်နှာအပ်ကာမောင့်စီကရတဲ့ယောက်ျားဆန်တဲ့ကိုယ်သင်းနံ့လေးကိုရှူရှိုက်ရင်း ခအိပ်စက်ခြင်းဆိုတဲ့နတ်မင်းစီကိုအခစားဝင်ရတော့တာပေါ့...........

နောက်နေ့တွေကြတော့လည်းအလုပ်များနေတဲ့မောင့်ကြောင့်ခမှာမောင်နဲ့နှစ်ယောက်တည်းစကားပြောဖို့အချိန်မရခဲ့ပါဘူး...

တနည်းပြောရရင် မောင့်မှာခအတွက်ဆိုပြီးသီးသန့်ပေးဖို့အချိန်ဆိုတာရောရှိသေးရဲ့လား မောင်ရယ်လို့ခမေးချင်မိပါရဲ့မောင်...

..........

...................

ခြံထဲမှာကားသံကြားတာကြောင့် ခလည်းမီးဖိုပေါတင်ထားတဲ့အိုးကိုအသာပိတ်လိုက်ပြီး လက်ဆေးပြီးတာနဲ့ အိမ်ရှေ့ကိုကမန်းကတမ်းပြေးထွက်လာစဥ◌်

'ကလင်လင်လင်...ကလင်...'

'ဟာ..မောင်ပြန်လာပါပြီဆိုမှဖုန်းကလည်းလာနေသေး...'

လာနေတဲ့ဖုန်းကိုလစ်လျူရှုကာထွက်သွားဖို့လုပ်ပေးမယ့်လည်း တဂွမ်ဂွမ်မြည်နေတဲ့ဖုန်းကြောင့် ခမှာအိမ်ရှေ့ကိုထွက်မသွားနိုင်ဘဲဧည့်ခန်းကိုသာလာခဲ့ရတော့တာပေါ့...

Slaves of Love (အချစ်ရဲ့ကျေးကျွန်များ)Where stories live. Discover now