🤍 Extra 🤍

7.6K 271 14
                                    

ချစ်ခြင်းရိပ်မြုံ

🤍 Extra 🤍

အဲ့..... အဲ့..... အူး၀ါးးးးးးးး

အူး၀ါးးးး ..... အူး၀ါးးးးးး

ညဦးပိုင်းမှာ လုံး၀ မကြားချင်တဲ့ အသံကိုပြောပါဆိုရင် သားလေးတွေရဲ့ ငိုသံလို့ပဲ ဆိုရပေမည်။

တစ်ယောက်က အဲ့.... အဲ့ ဆိုပြီးစငိုလိုက်တာနဲ့ ကျန်တဲ့ နှစ်ယောက်ကပါ အာဗြဲကြီးနဲ့ လိုက်ငိုကြပြီဖြစ်သည်။

ခွင်းနဲ့ အနမ်း တစ်ယောက်ကိုတစ်ယောက် ဖက်အိပ်နေရာကနေ သားလေးတွေ ငိုသံကြောင့် မထချင်ပဲ ထလိုက်ရသည်။

ကလေးပေါက်စလေးတွေကို ပြုစုပျိုးထောင်ရတာ ထင်ထားတာထက် အများကြီးခက်ခဲကြောင်းကို အခုတော့ သူတို့ နှစ်ယောက် ကောင်းကောင်းကြီး သဘောပေါက်နေခဲ့ပါပြီ။

ကလေးမရတုန်းကလဲ သူတို့ လင်မယားမှာ အရူးတစ်ပိုင်းဖြစ်ခဲ့ရသည်။ ရလာပြန်တော့လဲ 3 ယောက်တစ်ပြိုင်နက်မို့ အခုချိန်မှာတော့ မရူးရုံတမယ်ပင်။

နေ့နဲ့ညနဲ့ ကောင်းကောင်းကြီးမှားပြီး နေ့ဘက်ဆို နှစ်နှစ်ခြိုက်ခြိုက် အိပ် .... ညဘက်ဆို တစ်ညလုံး ငိုကြသည့် သားတော်မောင် ၃ယောက်ကို ထိန်းရတာ သူနဲ့ အနမ်းလဲ မျက်တွင်းဟောက်ပက်လေးတွေဖြစ်လို့နေပြီ။

မွေးစတုန်းက ၃ယောက်တောင်မို့ ပေါင်ချိန်လေးတွေ နည်းပြီး တခြားကလေးလေးတွေနဲ့ယှဥ်ရင် သေးသေးလေးတွေဖြစ်နေတာကို အနမ်းကမကျေမနပ်ဖြစ်ကာ သားလေးတွေကို ဗိုက်ဆာမခံဘဲ အချိန်တိုင်း နို့ပဲတိုက်နေခဲ့တော့ အခု 3 လသား အရွယ်မှာ သား သုံးယောက်လုံးက ၀က်ပေါက်လေးတွေလို ဖြူလုံးနေကြပြီး အနမ်းကိုယ်လေးကတော့ ခပ်ယဲ့ယဲ့သာရှိတော့သည်။

အဲ့တာကြောင့် ခွင်းမှာ သား သုံးယောက်ကိုလဲ ကြည့်ရသလို အနမ်းကိုလဲ သေချာပြန်ဂရုစိုက်နေရသည်။

သားသုံးယောက်လုံးကို အကောင်းဆုံး ဖြစ်စေချင်သည့် သဘောဖြင့် သူနဲ့ အနမ်းနဲ့ သေချာတိုင်ပင်ကာ နာမည်လေးတွေကိုလရောင်ခွင်း ၊ ရောင်နီခွင်း ၊ တိမ်ယံခွင်းဆိုပြီး ပေးခဲ့ကြသည်။

ချစ်ခြင်းရိပ်မြုံWhere stories live. Discover now