🤍 အပိုင်း 40 🤍

4.6K 234 4
                                    

ချစ်ခြင်းရိပ်မြုံ

🤍 Part - 40 🤍

3 လခန့်ကြာသော် ~

နေတို့ အခုရောက်ရှိနေသည့်နေရာက
ရန်ကုန်မြို့ရှိ နာမည်ကြီးဆေးခန်းတစ်ခုရဲ့  သားဖွားမီးယပ်ဌာနတစ်ခုမှာ ဖြစ်သည်။

မှုန် ဗိုက်ထဲမှ ကလေးလေးက ဘာလေးလဲဆိုတာ သိရရန်  ultrasound ရောက်ဖို့ မှုန်နဲ့သူ ဒီနေရာသို့ ရောက်နေရခြင်း ဖြစ်၏။

ကိုယ်၀န်အပ်ထားသည့် ဆရာမကြီးနဲ့ ပြရန် ကိုယ့်အလှည့်ရောက်အောင် ထိုင်
စောင့်နေရ၏။

စောင့်နေတုန်း နေနှင့်မှုန်တို့နှစ်ယောက်ရဲ့ မျက်နှာချင်းဆိုင်မှာ ကိုယ်၀န်ဆောင်သည်အမျိုးသမီး 3 ယောက်ရှိပြီး ယောကျာ်းဆိုလို့ နေတစ်ယောက်ထဲသာ ရှိသည်။

ထိုအမျိုးသမီး၃ယောက်က သူ့အား ဒါရိုက်တာနေရှင်းသန့်ဟုသိနေကြတာမို့ စကားတွေ လာလာပြောနေတာကြောင့် နေ အလိုက်သင့်လေးပြန်ပြောရင်းကနေ ကြာတော့ နေရခက်လာ၏။

နေရဲ့ ဘေးမှာရှိသည့် သူမကတော့ ဘာစကားမှမပြောဘဲ အေးအေးလူလူဖြင့် အချဥ်ပေါင်းတွေကို သွားမကြိမ်းတဲ့အတိုင်း တစ်ခုပြီးတစ်ခု ဆက်တိုက် စားနေလေသည်။သူမလေးကို ကြည့်ပြီး နေတောင် ပါးတွေ ကြိမ်းလာရသည်။

"အချဥ်ပေါင်းတွေအဲ့လောက်ထိ မစားနဲ့တော့လေ မှုန်......"

"ကျွန်မဘာသာ ကျွန်မစားနေတာ ဘာဖြစ်လို့လဲ ......"

မှုန် ဟာ သူ့စကားဆို အဲ့လိုမျိုး တစ်ခွန်းဆို တစ်ခွန်းနားထောင်တတ်တာဖြစ်၏။

"အချဥ်ပေါင်းတွေ အဲ့လောက်ထိ စားနေတာ ဗိုက်မကောင်းပဲ နေမှာပေါ့...... ပြီးတော့ ဒီလောက်စားနေတာ သွားတွေရော မကြိမ်းဘူးလား....."

"မကြိမ်းပါဘူး......ဒီအချဥ်ပေါင်းက အကောင်းစားအချဥ်ပေါင်းနော်....တစ်ထုပ်ကို ၂၅၀၀ တောင်ပေးရတယ်.... ချဥ်ပေါင်းလုပ်ထားတဲ့ အသီးတွေအားလုံးကလဲ organic တွေပဲနော် ...... ဆိုးဆေးတွေမပါလို့ ဗိုက်မကောင်းဖြစ်မှာလဲမပူရဘူး....."

အချဥ်ပေါင်းမစားစေချင်လို့ပြောတာကို သူ့ကိုတောင်ပြန်ပြီး အချဥ်ပေါင်းကို ကြော်ငြာသွားသည့် မဗိုက်ကို ကြည့်ပြီး
နေ ခေါင်းခါလိုက်မိ၏။

ချစ်ခြင်းရိပ်မြုံWhere stories live. Discover now