🤍 အပိုင်း 29 🤍

4.5K 259 5
                                    

ချစ်ခြင်းရိပ်မြုံ

🤍 Part- 29 🤍

သူ့မျက်စိရှေ့မှာရှိနေတဲ့ သမီးလေးက အရုပ်တွေကြားထဲမှာ ပုံ့ပုံ့လေးထိုင်ပြီး ကစားစရာတွေကို တစ်ခုပြီး တစ်ခု ပြောင်းဆော့ကာ မအားလပ်နိုင်အောင် အလုပ်ရှုပ်နေရသည်။

သူ့ဟာသူကစားနေတာတောင် အလိုလို ချစ်ဖို့ကောင်းနေတဲ့ သမီးလေးကို ကြည့်ပြီး ၀ဠာပြုံးလိုက်မိ၏။

ထိုစဥ် မမက သူ့ဘေးလာထိုင်တာမို့ ၀ဠာ မမကိုလှမ်းကြည့်ကာ ......

"မမ မောင့်ကို ဘာပြောစရာရှိလို့လဲဟင်....."

သက် ၀ဠာမျက်နှာကို သေချာကြည့်လိုက်ပြီး ​သက်ပြင်းတစ်ချက်ချလိုက်သည်။

"တို့ မင်းကိုတောင်းပန်ပါတယ် ၀ဠာ....."

"ဘာ.....ဘာလို့ မောင့်ကို တောင်းပန်တာလဲဟင် မမ....."

"တို့ ညက မင်းပြောတာတွေနဲ့ ပတ်သက်ပြီး သေချာစဥ်းစားခဲ့တယ်......"

"ညက မောင်မူးနေလို့ ပြောခဲ့တဲ့ စကားတွေကို ခေါင်းထဲမထည့်ပါနဲ့ မမရယ်.....အမှန်ဆို တောင်းပန်ရမယ့်သူက မောင်ပါ....."

"ဟင့်အင်း..... ​မင်းပြောခဲ့တာတွေက မှန်ပါတယ် ၀ဠာ ..... တကယ်တော့ တို့ စိတ်ခံစားချက်ကို အလိုလိုက်ပြီး သမီးနဲ့ မင်းကို ခွဲထားခဲ့မိတယ်...  အဲ့တာက မင်းအပေါ် မတရားသလို ဖြစ်သွားတယ်....."

"........"

"အဲ့တာကြောင့် တို့တွေးထားတာက သမီးကို အလှည့်ကျ....."

"တော်ပါတော့ မမရယ်..... မမ ဘာကို ဆက်ပြောမလဲဆိုတာ မောင်သိတယ်.....တကယ်တော့ မောင်ဖြစ်ချင်တာက မောင်တို့မိသားစုလေး အတူတူပြန်နေရဖို့ပါ....."

"မင်းဖြစ်ချင်သလို အတူတူပြန်နေဖို့ဆိုတာ လွယ်မှမလွယ်တော့တာ ၀ဠာရယ် ...... ဒီအတိုင်း ငါတို့အိမ်ထောင်ရေးက ကွဲအက်ခဲ့ပြီးသား ပန်းအိုးတစ်လုံးလို ဖြစ်နေပြီ....

ဘယ်လိုပဲ ပြန်ပြီး ဖာထေးဖာထေး အကောင်းတိုင်း ပြန်ဖြစ်မှာမှ မဟုတ်တော့..... အခုချိန်မှာ အိမ်ထောင်ရေးရဲ့ ကောင်းခြင်းဆိုးခြင်းတွေအားလုံးကို တို့ ဘာမှ မခံစားချင်တော့ဘူး ၀ဠာ ......

ချစ်ခြင်းရိပ်မြုံWhere stories live. Discover now