ချစ်ခြင်းရိပ်မြုံ
🤍 Part - 18 🤍
ပိုက်တွေတပ်ထားရပြီး အသက်ကိုပင်လု ရှူနေရသည့် သေးငယ်လွန်းသော သနားစရာ သမီးလေးကို အပြင်ဘက်ကနေကြည့်ပြီး ၀ဠာ မျက်ရည်ကျမိသည်။
သူ့ကြောင့် ..... သူ့ကြောင့်ပါ ..... သူသာ အဲ့အချိန်က မမဆက်လာသည့် ဖုန်းကို စက်မပိတ်ပစ်ခဲ့ရင် မမနဲ့ သမီးလေး ဒီလို အဖြစ်မျိုး ကြုံရမှာမဟုတ်ပေ။
အခုတော့ မမက သူ့ကို ဖုန်းဆက်လို့မရမှ အနမ်းတို့ကို ဖုန်းဆက်ပြီး အကူအညီတောင်းခဲ့ရတဲ့အဖြစ်။
မမသာ ပြန်ပြီး သတိရလာရင် သူ့ကို လုံး၀ခွင့်လွှတ်နိုင်မှာမဟုတ်ပေ။
မမ စိတ်ကျေနပ်အောင် ဘယ်လိုတောင်းပန်ရမလဲ ဆိုတာ ၀ဠာတွေးတောင် မတွေးတတ်တော့ပေ။
ထိုစဥ် ဘောင်းဘီအိတ်ကပ်ထဲမှ ဖုန်းက မြည်လာတာမို့ ၀ဠာ ကြည့်လိုက်တော့
ခွင်းဆီက ဖြစ်နေသည်။"အေး ...... ခွင်း ပြော "
"ဟဲလို ၀ဠာလား .....မင်းမိန်းမ သတိပြန်ရလာပြီ..... အဲ့တာ မင်းလာခဲ့တော့နော် "
"ဟုတ်လား ......အေးအေး အဲ့တာဆို ငါအခုချက်ချင်းပြန်လာခဲ့မယ် ....... "
၀ဠာ ဖုန်းကို ပြန်ပိတ်ကာ သမီးလေးကို ကြည့်လိုက်ပြီး .......
"သမီးမေမေ သတိပြန်ရပြီဆိုလို့ ဖေဖေ သွားကြည့်လိုက်ဦးမယ်နော် ..... ကျေးဇူးပြုပြီး ဖေဖေတို့အတွက် ကျန်းကျန်းမာမာ ရှင်သန်ပေးရမယ်နော် သမီးလေး ...... "
၀ဠာ သမီးကို နှုတ်ဆက်လိုက်ပြီး မမဆီသို့ အပြေးတစ်ပိုင်း ခြေလှမ်းတွေဖြင့် ထွက်လာခဲ့သည်။
မမ ရှိနေသည့် ဆေးရုံအခန်းရှေ့ရောက်တော့ ၀ဠာ အသက်ကို ခပ်ပြင်းပြင်း ရှူထုတ်လိုက်သည်။
ဟုတ်တယ် မင်းမြတ်၀ဠာ ...... မင်းအသုံးမကျလို့ ..... မင်းကြောင့် မမရော သမီးလေးရောက အသက်အန္တရာယ်နဲ့ ကြုံခဲ့ရတာ ..... မမ စိတ်ကျေနပ်အောင် ဘယ်လိုနည်းနဲ့ပဲ ဖြစ်ဖြစ် တောင်းပန်ရမယ်.....
အခုချိန်မှာ မမ ပြန်ခွင့်လွှတ်ဖို့ဆိုရင် ဒူးထောက်တောင်းပန်ရမယ်ဆိုလဲ သူတောင်းပန်မှာဖြစ်သည်။
![](https://img.wattpad.com/cover/274951751-288-k427773.jpg)