🤍 အပိုင်း 15 🤍

4.1K 201 7
                                    

ချစ်ခြင်းရိပ်မြုံ

🤍 Part - 15 🤍

"မေမေကလဲဗျာ..... သားကို အခုထိ စိတ်ဆိုးမပြေသေးဘူးလားလို့ ...."

"မင်းလုပ်ရပ်ကို မင်းပြန်ကြည့်ဦးလေ .... စိတ်ဆိုးပြေချင်စရာလားလို့ ...... မအေက သဘောမတူဘူးတစ်ချက်ငြင်းတာနဲ့ မိန်းမကို ချက်ချင်း ကောက်ယူပစ်လိုက်တာလေ..... "

"မေမေကလဲဗျာ ..... ဒီအကြောင်းတွေအခုမှပြန်ပြောနေလဲ မထူးပါဘူးလို့ .....အခု မမ မှာလဲ ကျွန်တော့်ရင်သွေးလေးရှိနေပြီကို ..... မေမေ မြေးချီရတော့မယ်လေ ..... "

"အို တော်စမ်းပါ ..... မင်းအသက် ဘယ်လောက်ရှိသေးလို့ မင်းက ချက်ချင်း ကလေးယူပစ်လိုက်ရတာလဲ ..... ကလေး တစ်ယောက်မွေးတယ်ဆိုတာ လွယ်တယ်များ မင်းထင်နေလား....... ဘာလဲ မင်းက မင်းအဖေဘက်က အမွေတွေရှိတယ်ဆိုတာနဲ့ ငါ့ကို မျက်စိထဲရှိတယ်လို့ မထင်ဘဲ လုပ်ချင်ရာတွေ လုပ်နေတာပေါ့လေ ဟုတ်လား ...... "

"မဟုတ်ပါဘူးဗျာ ..... မေမေကလဲ .....
မေမေပြောမှ အကြီးကြီးတွေ ဖြစ်ကုန်ပြီ ......

ကလေးတန်းယူလိုက်တယ်ဆိုတာကလဲ သားရော မမရောက ကလေးချစ်တတ်လို့ပါ ..... ပြီးတော့ မမက နောက်နှစ်ဆို အသက် 30 ကျော်ပြီဆိုတော့ မွေးရတာခက်ခဲမှာဆိုးလို့ တားဆီးတာ ဘာညာ
မလုပ်ဘဲထားလိုက်တာပါ..... အဲ့တာနဲ့ကလေးလေးက သားတို့ဆီလာချင်လို့ ချက်ချင်းရောက်လာတာပဲကို မေမေကလဲ .........."

"အေး အဲ့တာတွေ အကုန်လုံးက မင်းမိန်းမ အကြံအစည်ပဲမဟုတ်ဘူးလား.....
ကိုယ့်ထက် အသက် ၇နှစ်ကြီးတဲ့ မိန်းမကို ယူထားပြီး မင်း သူ့သဘောအတိုင်း လိုက်နေနေရတာမဟုတ်လား ......

အခုပဲ ကလေးကိစ္စကိုကြည့် ..... သူ့အသက် 30 ကျော်မယ်ဆိုတိုင်း ကလေး ချက်ချင်းယူပစ်တာ မင်းအသက် အခုမှ 23 နှစ်ပဲရှိသေးတယ်လေ..... သူများတွေ 23 နှစ်ဆိုတာ အပြင်မှာ ပျော်လို့ပါးလို့ ကောင်းတုန်း .......

မင်းကတော့ မကြာခင်မှာပဲ ကလေးတွဲလောင်းနဲ့ ဖြစ်တော့မယ် ..... အလုပ်အကိုင်ကရော မင်းမှာ မယ်မယ်ရရ ဘာရှိလဲ ..... မိန်းမကို driver သာသာ အသွားအပြန် အကြိုအပို့ လုပ်ပေးနေရတာကိုများ..... "

ချစ်ခြင်းရိပ်မြုံWhere stories live. Discover now