🤍 ဇာတ်သိမ်းပိုင်း 1 & 2🤍

7.4K 205 15
                                    

ချစ်ခြင်းရိပ်မြုံ

🤍 ဇာတ်သိမ်းပိုင်း- 1🤍

ခမ်းနားလှသည့် ကော်ဇောနီပေါ် လျှောက်လှမ်းပြီး Camera တွေ တဖျတ်ဖျတ်ရိုက်နေကြတဲ့ ကြားထဲသွားဖို့ကို အနမ်းစိတ်လှုပ်ရှားနေမိသည်။

ဒါကို သိနေသည့်ခွင်းက သူမလက်ကလေးကို သေချာဆုပ်ကိုင်ကာ အဆင်ပြေသွားမှာပါဆိုပြီး ပြုံးပြ၏။

ခွင်းရဲ့ လက်မောင်းကို ချိတ်တွဲကာ ကော်ဇောနီပေါ် လျှောက်လှမ်းရသည်မှာ အနမ်းအတွက် အရမ်းပဲ စိတ်လှုပ်ရှားမိသည်။

လွန်ခဲ့တဲ့တစ်နှစ်က အဓိကဇာတ်ဆောင်အဖြစ် ခွင်း ပါ၀င်သရုပ်ဆောင်ခဲ့သည့် Blue Dragon ရုပ်ရှင်ဇာတ်ကားကြီးသည် အာရှရုပ်ရှင်ဆုပေးပွဲတွင် ဇကာတင်စာရင်း၀င်ခဲ့တာမို့ ခွင်းနဲ့သူမ အခုလိုမျိုးထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပ
သည့် Asian Movie Awards Ceremony သို့ ရောက်ရှိနေရခြင်း ဖြစ်သည်။

Blue Dragon ရုပ်ရှင်ဇာတ်ကားကြီးကိုရိုက်ခဲ့တုန်းက ခွင်းအများကြီး ပင်ပန်းခဲ့ရ၏။ Action ဇာတ်ကားတစ်ကား ဖြစ်တာမို့ ဒဏ်ရာတွေလဲ အများကြီးရခဲ့သည်။

အပြင်းထန်ဆုံးဒဏ်ရာကတော့
တိုက်ပေါ်မှ ခုန်ချသည့် scene ရိုက်ခဲ့တုန်းက အစားထိုး သရုပ်မဆောင်ခဲ့ဘဲ ကိုယ်တိုင် သရုပ်ဆောင်ခဲ့သောကြောင့် ပြုတ်ကျပြီး နံရိုးကျိုးခဲ့ရခြင်းဖြစ်သည်။

ထိုဇာတ်ကားရိုက်နေတုန်းကဆို ခွင်း ဒဏ်ရာတွေရလာတဲ့ အချိန်တိုင်း အနမ်းမှာ စိတ်ပူရလွန်းလို့ ငိုကြွေးခဲ့ရ၏။

Blue Dragon ရုပ်ရှင်ဇာတ်ကားကြီးက Budget တွေအများကြီး အကုန်ကျခံ၊ ပါ၀င်သမျှသရုပ်ဆောင်တွေအားလုံး အပင်ပန်းခံပြီး ကြိုးစားရိုက်ကူးခဲ့ရကျိုး နပ်ခဲ့သည်။ ဇာတ်ကားကို စပြီး ရုံတင်ထဲက လက်မှတ်တွေအားလုံး နာရီပိုင်းအတွင်း ရောင်းကုန်သွားခဲ့ပြီး ရုံပြည့်ရုံလျှံ တဲ့အထိ ပရိတ်သက်တွေက တစ်ခဲနက်အားပေးခဲ့ကြ၏။

ပြီးတော့ အခုလိုမျိုး Asian Movie Awards တို့လိုဆုပေးပွဲကြီးမျိုးမှာပါ
ဇကာတင်အနေနဲ့ ပါလာနိုင်ခဲ့သည်။

ခွင်းကို အကောင်းဆုံး အမျိုးသားဇာတ်ဆောင် (Best Male Actor) ဆုရလောက်တယ်ဆိုပြီး အားလုံးက ၀ိုင်းပြီး
ခန့်မှန်းကြပေမယ့် သူမနဲ့ ခွင်းကိုယ်တိုင်ကတော့ မမျှော်မှန်းထားကြပေ။

ချစ်ခြင်းရိပ်မြုံWhere stories live. Discover now